ဂျက်မ ဇာတ်လမ်းတွေနဲ့ လူသိများတဲ့ ထိုင်ဝမ်နာမည်ကြီး သရုပ်ဆောင် Shu Qi ဟာဆိုရင် မတ်လ ၃၁ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင်စုံတွဲလေး  Binjin တို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုဆုတောင်းလေး ပြုလုပ်ပေးခဲ့ပါတယ်။ 

Google

Shu Qi က မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားလေးကို Binjin စုံတွဲ လက်ထပ်အပြီး ၃ ရက်မြောက်နေ့မှ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မင်္ဂလာပွဲ ဓာတ်ပုံလေးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ 

Google

 ဂုဏ်ပြုစာလေးထဲမှာ Shu Qi က ကျွန်မ Son Ye Jin ကို သဘောကျတယ်။ သူနဲ့တွဲပြီး အလုပ်လုပ်ချင်ပါတယ်လို့လည်း ဆိုထားပါတယ်။  ဒါ့အပြင် Son Ye Jin တစ်ယောက် Hyun Bin နဲ့ လက်ထပ်ရတာသေချာပေါက် ပျော်မှာလို့လည်း Shu Qi ကဆိုပါတယ်။ ကြင်စဦးမောင်နှံလေး ဖြစ်သွားတဲ့ Binjin စုံတွဲလေးအတွက် ဆုတောင်းလေးတွေ တောင်းပေးထားပြီး Binjin စုံတွဲတို့ သက်ဆုံးတိုင် ပေါင်းဖက်ရပါစေလို့လည်း Shu Qi က ဆိုထားပါသေးတယ်။ 

Google

ဂျက်မလို့ လူသိများတဲ့ Shu Qi ဟာဆိုရင် ထိုင်ဝမ်ကနေ ဟောင်ကောင်ကိုပြောင်းကာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပါတယ်။

Google

သူမက တောင်ကိုရီးယားမင်းသမီး Son Ye Jin နဲ့လည်းခင်မင်တဲ့သူဖြစ်ပါတယ် ။ သူမရဲ့အသက်က ၄၅ နှစ် ရှိနေပေမယ့် အခုချိန်ထိ ငယ်ရွယ်နိုပျိုနေတုန်းပဲဖြစ်ပါတယ်။

Google

Shu Qi က  လက်ရှိ ထိုင်ဝမ်နိုင်ငံမှာလည်း နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီ။ Shu Qi က ဟောင်ကောင် သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Feng DeLun နဲ့ ၂၀၁၆ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။