ကိုယ်အလေးချိန်လျော့ချခြင်းဆိုတာ မိန်းကလေးတွေအတွက် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရတာ မလွယ်ကူတဲ့အရာဖြစ်ပါတယ်။ 

Wanwisa

ဒီကောင်မလေးက ကိုယ်အလေးချိန် ဝလွန်းလို့ သူမကို ဆင်မလို့တောင် လူတွေက နာမည်ပြောင်ပေးထားပါတယ်။ 

Wanwisa

သူမကရဲ့ နာမည်က Wanwisa Nanongtoom ဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရတုန်းက သူမရဲ့အသက်က ၁၈နှစ်ဖြစ်ပါတယ်။ သူမအဝဆုံးအရွယ် မှာ ရှိခဲ့တဲ့ ကိုယ်အလေးချိန်က ၉၈ ပေါင် ဖြစ်ပါတယ်။

Wanwisa

Wanwisa Nanongtoom ဟာ သဘာဝအလျောက် ကိုယ်အလေးချိန်များခြင်းကို အပြစ်ကြီးတစ်ခုလိုမျိုးဖြစ်ကာကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဆင်မ ဆိုတဲ့ နာမည်ပြောင် ရလာတဲ့အချိန်မှာ သူမကစိတ်အခြေအနေက ပိုပြီးဆိုးရွားခဲ့ပါတယ်။ 

Wanwisa

သူမအထက်တန်းကျောင်းသားအရွယ်တုန်းက မျက်စိထဲမြင်သမျှကို တုံ့ဆိုင်းမှုမရှိ စားတယ်လို့ သိရပါတယ်။ မြင်သမျှအကုန်စားတဲ့ အကျိုးဆက်အနေနဲ့ သူမရဲ့ ကိုယ်အလေးချိန်က ပိုပြီးတိုးလာပြီး အသားအရေတွေမှာလည်းဝက်ခြံတွေ ပေါက်လာတယ်လို့ သိရပါတယ်။ 

Wanwisa

သူမရဲ့ အတန်းဖော်သူငယ်ချင်းတွေကလည်း သူမရဲ့ ကိုယ်အလေးချိန်နဲ့ ပုံစံကို လှောင်ပြောင်ကြကာ ဆင်မ ၊ဝက်မလို့ ခေါ်ခဲ့ကြပါတယ်။

Wanwisa

အထက်တန်းကျောင်း ဒုတိယနေ့မှာတော့ Wanwisa က သူမရဲ့ ကိုယ်အလေးချိန်ကို စတင်ပြီး ပြန်လည်လျော့ချလာပါတယ်။ 

Wanwisa

အစေားလျော့ကာလဟာ Wanwisa အတွက် အရမ်းကို အရေးကြီးပြီး ခက်ခဲလွန်းတဲ့ ကာလ ဖြစ်ပေမယ့် Wanwisa က တောင့်ခံနိုင်ခဲ့ပါတယ်။ တစ်နေ့ကို အစား ၂ နပ် စားပေမယ့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုသာ စားတယ်လို့ သိရပါတယ်။ သကြားနဲ့ ဆိုဒီယမ်နဲ့ ပတ်သတ်ပြီးတော့လည်း Wanwisa က အကုန်လုံးကို နှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်။ 

Wanwisa
Wanwisa

ပင်ပန်းလွန်းလို့ အရှုံးပေးချင်စိတ်တွေခဏခဏ ပေါ်လာခဲ့ပေမယ့် လူတွေရဲ့လှောင်ပြောင်မှုကို မျက်စိထဲ ခဏခဏမြင်လာတာကြောင့် Wanwisa တစ်ယောက်ဆက်ပြီး ကြိုးစားခဲ့ရာမှာ တစ်နှစ်အတွင်း ပေါင်ချိန် 44 kg ကျဆင်းခဲ့ပြီး ပြောင်းလဲမှုကြီး တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Wanwisa

 Wanwisa ရဲ့ပြောင်းလဲလာတဲ့ ပုံစံလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ 

Wanwisa

Photos by: Wanwisa Nanongtoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။