ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တောင်ကိုရီးယား နာမည်ကြီးသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးရဲ့ မင်္ဂလာပွဲအခန်းအနားကို နာမည်ကြီးတဲ့ အနုပညာရှင်တွေ အများကြီး တတ်ရောက်ခဲ့တာကြောင့် Baeksang Awards ဆုပေးပွဲ အခန်းအနားလို့တောင် တင်စားခေါ်ဝေါ်ထားကြပါတယ်။

Google

Hyun Bin နဲ့ Son Ye Jin တို့ နှစ်ဦးစလုံးက နာမည်ကြီး အနုပညာရှင်တွေဖြစ်တာကြောင့် သူတို့ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေကလည်း တကယ့်ကို နာမည်ကြီး ထိပ်တန်း အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးကို ချစ်ခင်ကြတဲ့ လူတွေလည်း အရမ်းများတာကြောင့်မင်္ဂလာပွဲကို ဖိတ်ကြားထားတဲ့သူတိုင်း တတ်ရောက်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲက ဆုပေးပွဲ အခန်းအနားကြီးအလား ထင်မှတ်သွားစေလောက်အောင်ကို ဖြစ်သွားစေခဲ့တာပါ။

Google

Binjin တို့ စုံတွဲလေးရဲ့ မင်္ဂလာပွဲကို ဆိုလ်းမြို့ ၊ Sheraton Grand Walkerhill ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲကို လူအယောက် ၂၀၀ နဲ့ သာ အကျဉ်းချုံး သီးသီး သန့်သန့် ကျင်းပခဲ့ပေမယ့်လည်း အင်တာနက်စာမျက်နှာပေါ်က အားပေးနေကြတဲ့ ပရိသတ်တွေကြောင့် ပိုပြီး စည်ကားသွားခဲ့ရပါတယ်။

Google

မင်္ဂလာပွဲ အပြီးမှာ ထွက်ရှိလာခဲ့တဲ့ အဖွဲ့လိုက်ဓာတ်ပုံလေးထဲမှာ လည်း ပရိသတ်တွေ တော်တော်များများ အားပေးနေကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်နေတာကြောင့် Binjin တို့ မင်္ဂလာပွဲကို Baeksang Awards ဆုပေးပွဲ လို့ တင်စားထားတာဖြစ်ပါတယ်။ ပွဲအခန်းအနားမှာ မင်္ဂလာသတို့သား ၊ သတို့သမီးကလွဲရင် ကြွရောက်လာသူ အားလုံးက မက်စ်တွေ တပ်ဆင်ထားကြပေမယ့် ပရိသတ်တွေကတော့ သူတို့ အနုပညာရှင်တွေရဲ့ မျက်နှာတွေကို ကောင်းကောင်း မှတ်မိနေကြပါတယ်။

Google

အဖွဲ့လိုက် ဓာတ်ပုံလေးထဲမှာ ပါဝင်နေတဲ့ နာမည်ကြီး အနုပညာရှင်တွေက Gong Hyo Jin ၊ Song Yoon Ah ၊ Lee Min Jung ၊ Uhm Ji Won ၊ Lee Jung Hyun နဲ့ Yoona (SNSD) တို့ က မင်္ဂလာ သတို့သမီးရဲ့ ဘေးနားမှာ ရပ်နေကြပြီး မင်္ဂလာ သတို့သား Hyun Bin ရဲ့ ဘေးမှာတော့ Ji Jin Hee ၊ Jang Dong Gun ၊ Ahn Sung Ki ၊ Joo Jin Mo ၊ Park Joong Hoon ၊ Song Joong Ki နဲ့ အခြား သရုပ်ဆောင်တွေဖြစ်ကြပါတယ်။

Google

နာမည်ကြီးအနုပညာရှင်တွေနဲ့ ဆုပေးပွဲအခန်းအနားကြီးအလာဖြစ်သွားတဲ့ Binjin စုံတွဲလေးရဲ့အဖွဲ့လိုက် မင်္ဂလာပွဲ ဓာတ်ပုံလေးကိုအားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။