ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့မိတဲ့အတွက် ဝီလ်စမစ်ဟာဆိုရင် Academy of Motion Picture Arts and Sciences အဖွဲ့ကနေ နှုတ်ထွက်လိုက်ရပြီပဲဖြစ်ပါတယ်။ နှုတ်ထွက်တဲ့ ကိစ္စကိုလည်း ဝီလ်စမစ်က သူကိုင်တိုင်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လုပ်ရဲ့အတွက် အကျိုးဆက်အားလုံးကိုလည်း လက်ခံသွားမယ်လို့ ဆိုပါတယ်။

Google

ခရစ်ရော့ခ်ကို ပါးရိုက်ပြီးနောက်မှာ ဝီလ်စမစ်က အသဲကွဲခဲ့ကြောင်း အကယ်ဒမီရဲ့ ယုံကြည်မှုကို သစ္စာဖောက်လိုက်မိသလို ခံစားခဲ့ရတဲ့အကြောင်းကိုပါ ထည့်သွင်းထားပါတယ်။

Google

အကယ်ဒမီ ဘုတ် အဖွဲ့ဝင်တွေကလည်း လူမြင်ကွင်းမှာ လုပ်ခဲ့တဲ့ စမစ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာခဲ့ပြီး နောက်ထပ် သင့်တော်တဲ့ အရေးယူမှု လုပ်မယ့်အကြောင်း ကြေညာထားပါတယ်။

Google

ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့လည်း စမစ်က အကယ်ဒမီဘုတ်အဖွဲ့ရဲ့ ကြေညာချက်ကို လက်ခံသွားမှာဖြစ်ကြောင်း ၊ အကျိုးဆက် အားလုံးအတွက် အပြည့်အဝ တာဝန်ယူ လက်ခံသွားမှာဖြစ်ကြောင်း ၉၄ကြိမ်မြောက် ၊ အကယ်ဒမီဆုပေးပွဲမှာ သူလုပ်ခဲ့တဲ့ အလုပ်က တုန်လှုပ်စရာကောင်းပြီး ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိကြောင်း ဆိုပါတယ်။ ဒါကြောင့်လည်း စမစ်က သူ့ရဲ့ လုပ်ရပ် သူကိုယ်တိုင် တာဝန်ယူခဲ့ပြီး ပထမဦးဆုံးအနေနဲ့ Academy of Motion Picture Arts and Sciences အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စမစ်တစ်ယောက် ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိသွားမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်သွားရဦးမှာပါ။

Google

စမစ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည ၉၄ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲညမှာ အမျိုးသမီးဖြစ်သူရဲ့ ဆံပင်ပုံစံကို ဟာသလုပ်ခဲ့တဲ့ ခရစ်ရောခ့်ကို စင်ပေါ် အထိသွားကာ ပါးတတ်ရိုက်ခဲ့တာဖြစ်ပါတယ်။

Google

ဝီလ်စမစ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြတဲ့သူတွေ ရှိသလို ရုတ်တရက် ဒေါသကြောင့် အမှားပါသွားခဲ့ရတဲ့ ဖြစ်ရပ်ကိုလည်း လူအများက နှမြောကာ သင်ခန်းစာရနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။