မြန်မာနိုင်ငံ ရုပ်ရှင်ရုံများမှာ ရုပ်ရှင် မပြသာ ကာလ အတန်ကြာနေပြီပဲဖြစ်ပါတယ်။ မကြာသေးမီ အချိန် ဧပြီလ ၁၇ရက်နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပထမဦးဆုံး ရုံတင်ဇာတ်ကားကို ပြန်လည် ပြတော့မယ်လို့ သိရပါတယ်။

Photo credit to original uploader 

ပြန်လည်ပြသမယ့် ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်က ဝေးမနေချင်ဘူး ဇာတ်လမ်းဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့အဓိက ဇာတ်ကောင်တွေက လူမင်းနဲ့ ရွှေမှုန်ရတီတို့ ဖြစ်ပါတယ်။ဝေးမနေချင်ဘူး ဇာတ်ကားကို Triple six ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကို ပြသဖို့အတွက် ရုပ်ရှင်ရုံတွေမှာ ပိုစတာတွေစတင်ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ 

Photo credit to original uploader 

ကာလ အတန်ကြာ ပိတ်ထားသည့် ရုပ်ရှင်ရုံများက ရုပ်ရှင်ပိုစတာများ ပြင်ဆင် တပ်ဆင်ထားသည့် ပုံရိပ်များကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှု များလျက်ရှိပါတယ်။ 

Photo credit to original uploader 

ရုပ်ရှင်ရုံများ ကို ၂ နှစ်ကျော်ကြာ ပိတ်ထားပြီးနောက်မှာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းသွားတာကြောင့်အခုလို ပြန်လည် ဖွင့်လှစ်တာလို့ ကြေညာထားပေမယ့်  ပြည်သူများ အနေနဲ့ကတော့ ရုပ်ရှင်ရုံတွေနဲ့ ပတ်သတ်ပြီးဝေဖန်မှုတွေ များလျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။