ယမန်နေ့ မတ်လ ၃၁ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ မင်္ဂလာစုံတွဲ နှစ်ဦးရဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။ Son Ye Jin နဲ့ Hyun Bin တို့ ဟာ မင်္ဂလာ လက်ထပ်ပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့တာဖြစ်တာကြောင့် မင်္ဂလာ လက်ထပ်ပွဲပုံရိပ်တွေကို အများကြီး မတွေ့ခဲ့ရပါဘူး။

Google

မင်္ဂလာပွဲ အခန်းအနားကို ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား မလုပ်ခဲ့ပေမယ့် လည်း သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေက တောင်ကိုရီးယားနိုင်ငံမှာသာမက အားရှနိုင်ငံအများအပြားမှာ ပျံံ့နှံ့လို့နေခဲ့ပါတယ်။

Google

မင်္ဂလာစုံတွဲလေး နှစ်ဦးထဲကမှ Son Ye Jin ဝတ်တဲ့ မင်္ဂလာ ဝတ်စုံလေးတွေက မထင်မှတ်ထားလောက်ကို ဈေးတော်တော်ကြီးပါတယ်။ သူမဝတ်ဆင်ခဲ့တဲ့ အမှတ်တံဆိပ်က ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်မင်းသားမင်းသမီးတွေ သဘောကျ ကြိုက်နှစ်သတ်တဲ့ Elie Saab အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဝတ်စုံလေးရဲ့ တန်ဖိုးက လည်း ဝတ်စုံတစ်စုံတည်းကို တောင်ကိုရီးယား ဝမ် သန်း ၈၀ ၊ အမေရိကန်ဒေါ်လာ ၆၅၈၆၄ တန်ဖိုး ရှိပါတယ်။ မြန်မာငွေနဲ့တွက်လိုက်ရင် ငွေကျပ် သိန်း ၁၄၀၀ ကျော် အထိကိုရှိနေပါတယ်။ မင်္ဂလာဝတ်စုံလေးတစ်ခုကို အခုကိုဈေး အများကြီး အကုန်အကျခံထားတာကြောင့် လည်း ပရိသတ်တွေ အများအပြားက အံ့သြနေကြပါတယ်။

Google

Son Ye Jin  က Vera Wang ရဲ့ မင်္ဂလာဝတ်စုံတွေကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။  Vera Wang ရဲ့ ဝတ်စုံတွေကလည်း တစ်စုံတည်းကို ပျှမ်းမျှတန်ဖိုး တောင်ကိုရီးယားဝမ် ၁၀ သန်း ( အမေရိကန်ဒေါ်လာ ၈၂၃၃) မြန်မာငွေ သိန်း ၂၀၀ နီးပါးလောက်ရှိပါတယ်။ ဒါ့အပြင် Vera Wang ရဲ့ ဒီဇိုင်းတွေက ငှားရမ်းခွင့် ပိတ်ထားတဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်။

Youtube

ဒါ့ကြောင့် သူတို့ကို ဝယ်ပြီး ဝတ်ရုံကလွဲရင် ငှားပြီးဝတ်လို့ မရနိုင်ပါဘူး။ ငွေကျပ်သိန်းပေါင်းများစွာ အသုံးပြုထားတဲ့ တောင်ကိုရီးယားမင်းသမီး Son Ye Jin ရဲ့ မင်္ဂလာဝတ်စုံ အကြောင်းကို ဗဟုသုတရဖွယ်ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။