Vicky Kaushal နဲ့ Katrina Kaif တို့စုံတွဲလေးဟာ လူတိုင်း အားကျရတဲ့ ဘောလိဝုဒ် စုံတွဲလေး ဖြစ်ပါတယ်။ သူတို့ စုံတွဲလေးက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပပြီး လူသိရှင်ကြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

လက်ရှိမှာ Vicky နဲ့ Katrina တို့ လက်ထက်တာ ၄ လနီးပါး ကြာသွားပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာလည်း Katrina တို့ စုံတွဲလေးက ပျော်ပျော်ပါးပါးနဲ့ အတူတူရှိနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲတင်လေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း Katrina က ချစ်ရတဲ့ခင်ပွန်းနဲ့အတူတူ  ကမ်းခြေမှာ ရှိနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်ပေါ်မှာ တင်ပေးလားပါတယ်။

Google

ဓာတ်ပုံထဲမှာဆိုရင် Katrina က ကမ်းခြေတစ်ခုမှာလှေစီးနေတာဖြစ်ပါတယ်။ အဝတ်အစားလေးကလည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ နေကာမျက်မှန်လေး ဝတ်ထားပါတယ်။ Katrina က သူမတစ်ယောက်တည်းပုံရော Vicky နဲ့ အတူတူ တွဲပြီး ရိုက်ထားတဲ့ ပုံလေးတွေပါ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာတာကြောင့် သူမချစ်ခင်ပွန်းနဲ့ အတူတူ ရှိနေတဲ့အကြောင်းကို ပြောချင်ပုံရပါတယ်။

Google

Vicky ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်မှာ သူ့ချစ်ဇနီးလေး Katrina ရဲ့ ပုံလေးတွေကို အသဲလေးတွေနဲ့ တင်ပေးထားပါတယ်။

Google

နာမည်ကြီးစုံတွဲလေး နှစ်ဦးရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

Source - Katrina's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။