တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင် စုံတွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို စုံတွဲလေးကတော့ ယမန်နေ့ မတ်လ ၃၁ ရက်နေ့က  လက်ထပ်ခဲ့ကြ ပြီပဲဖြစ်ပါတယ်။ သူတို နှစ်ဦးဟာ နာမည်ကြီး စုံတွဲလေး ဖြစ်တဲ့ အလျောက် မင်္ဂလာပွဲကိုလည်း အကျဉ်းချုံးသီးသန့်သာ ကျင်းပခဲ့ကြပါတယ်။ Binjin နာမည်ကြီး စုံတွဲလေးရဲ့ မင်္ဂလာပွဲကို အခြား လုပ်ဖော်ကိုင်ဖက် နာမည်ကြီး သရုပ်ဆောင်တွေအများအပြားလည်း တတ်ရောက်လာခဲ့ပါတယ်။

Google

မင်္ဂလာပွဲကို တတ်ရောက်ခဲ့တဲ့ နာမည်ကြီး အနုပညာရှင်တွေက Hyun Bin နဲ့ “ Secret Garden “ မှာ အတူတူတွဲ သရုပ်ဆောင်ဖူးတဲ့ မင်းသမီး Ha Ji Won အပါအဝင် Han Jae Suk ၊ Hwan Jung Min ၊ Gong Yoo ၊ Gong Hyo Jin ၊ Jung Hae In ၊ Yoona (SNSD) ၊ Gong Hyo Jin ၊ နဲ့ Kang Ki Young တို့ပဲဖြစ်ပါတယ်။ ဒါအပြင် Song Joong Ki လည်း မင်္ဂလာပွဲကို တတ်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Google
Google
Google

ဒါရိုက်တာရင်လို လူသိများတဲ့ Jang Dong Gun နဲ့ Go So Young တို ဇနီးမောင်နှံလည်း မင်္ဂလာပွဲကို တတ်ရောက်လာခဲ့ပါတယ်။

Google

မင်္ဂလာဂုဏ်ပြုတေးလေးတွေ သီဆိုရတာ ဝါသနာပါတဲ့ Gummy နဲ့ Paul Kim တို့ တွေလည်း မင်္ဂလာပွဲကို တတ်ရောက်လာတယ်လို့ သိရပါတယ်။

Google

Binjin စုံတွဲလေးရဲ့ မင်္ဂလာပွဲလေးက မီဒီယာတွေ ၊ ကင်မရာ မီးတွေ တဖျပ်ဖျပ် မပါခဲ့ပေမယ့် ကြည်နူးခန်းနားစရာ ကောင်းစွာနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် ။

Google

အပြည့်အစုံမဟုတ်ပေမယ့် Binjin စုံတွဲလေးရဲ့ မင်္ဂလာပွဲ အခန်းအနား ပုံရိပ် တစ်စိတ်တစ်ပိုင်းဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်။

Source - Kbizoom

Image - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။