ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ တောင်ကိုရီးယား နာမည်ကြီး စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ စုံတွဲလေး လက်ထပ်ပွဲ ကျင်းပတဲ့ နေ့လေးပဲဖြစ်ပါတယ်။ သူတို့နှစ်ဦး ရဲ့ မင်္ဂလာ ပုံရိပ်လေးတွေကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစား လူစိတ်ဝင်စားမှု များပြားလျက်ရှိပါတယ်။

Google

မင်္ဂလာပွဲအတွက် ဖိတ်စာလေးကလည်း သတို့သမီးဝတ်စုံပုံစံ သုံးဖက်မြင်ပုံစံလေးနဲ့ဖြစ်ပြီး ဘေးဘက်လေးမှာလည်း အရောင်လေးတွေ တောက်နေပါတယ်။ မင်္ဂလာဖိတ်စာလေးရဲ့ အောက်ဘက်နားထောင့်နေရာလေးမှာ "BinJin" ဆိုတဲ့ ရွှေရောင် စာတန်းလေး တစ်ခုလည်း ပါနေပါတယ်။

Google

ထွက်ရှိလာတဲ့ သတင်းတွေအရ Binjin တို့နှစ်ဦးက ဆိုလ်းမြို့ Gwangjang-dong  မှာရှိတဲ့ Walkerhill Hotel Aston House  မှာ ဒီကနေ့ တောင်ကိုရီးယား စံတော်ချိန် ညနေ ၄ နာရီအချိန်မှာ မင်္ဂလာပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

Google
Google
Google
Google

မင်္ဂလာမဆောင်ခင် နှစ်ဖက်မိဘ တွေ့စုံပွဲကို နေ့လည် ၁၁ နာရီ အချိန်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာမောင်နှံက လက်ထပ်ပွဲအခန်းအနားမှာ ဧည့်သည် အယောက် ၂၀၀ ကိုသာ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပြီး အခန်းအနားကိုလည်း သီးသီးသန့်သန့် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် မင်္ဂလာမောင်နှံနှစ်ဦးရဲ့ ပုံရိပ်တွေကို အရမ်းထင်ထင်ရှားရှား တွေ့နိုင်ဦးမှာ မဟုတ်ပါဘူး။

Google

လက်ထပ်ပွဲမတိုင်ခင်မှာ မင်္ဂလာ ပုံရိပ်လေးတွေကို မင်္ဂလာ မောင်နှံနှစ်ဦးက အရင်ဆုံး ထုတ်ပြပေးခဲ့ပါတယ်။

Google

Binjin တို့ မင်္ဂလာပွဲအခန်းအနား အပြင်အဆင် ပုံရိပ်လေး တွေကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။