တောင်ကိုရီးယား နာမည်ကြီးမင်းသားမင်းသမီး တွေဖြစ်ကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ ဟာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ၊ နေ့လည် ၁၁ နာရီ အချိန်မှာ လက်ထပ်ကြတော့မယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို Grand Walkerhill Seoul ဟိုတယ်ရဲ့ Aston House မှာ အကျဉ်းချုံးလေးသာ သီးသန့် ကျင်းပသွားတော့မယ်လို့ သိရပါတယ်။

Google

မင်္ဂလာပွဲ မတိုင်ခင်မှာ Son Ye-jin ရဲ့ အေဂျင်စီဘက်က ကြေညာချက်လေး တစ်ခု ထုတ်ပြန်ထားပါတယ်။ အဲဒါလေးက တော့ ပရိသတ်တွေဆီက မင်္ဂလာ လက်ဖွဲ့တွေ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။

Google
Google

အေဂျင်စီဘက်က ကြေညာချက်လေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

 “ပထမဆုံးအနေနဲ့ ကျွန်တော် ပရိသတ်တွေကို ပြောချင်တာက Son Ye Jin ကို အားပေးကြတဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်လိုပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ပရိသတ်တွေဆီက ပို့ပေးမယ့် မင်္ဂလာ လက်ဖွဲ့လေးတွေကို အကြောင်းအရင်း တချို့ကြောင့် လက်မခံဖို့ ဆုံးဖြတ်ထားပါတယ် ။ ပရိသတ်တွေအနေနဲ့ Son Ye Jin ကို စိတ်ထဲ ၊ နှလုံးသားထဲမှာပဲ ထောက်ပံ့ပေးပါ။ စာလေးတွေနဲ့ ဆုတောင်းပေးလို့လည်း ရပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့နဲ့ နားလည်ဖို့အတွက် တောင်းဆိုပါတယ်။”

Photo Credit

အေဂျင်စီဘက်ကက လက်မခံဖို့ တားမြစ်တားတဲ့ ပစ္စည်းတွေက ကိတ်မုန့် ၊ ပေါင်မုန့် ၊ သစ်သီး ပန်းတွေ ၊ ပန်းခွေတွေနဲ့ အခြား ဈေးကြီး ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit

မင်္ဂလာပွဲကို ကြွရောက်လာကြမယ့် ပရိသတ်တွေ ဧည့်သည်တော်တွေကိုလည်း မင်္ဂလာပွဲတွင်းပုံရိပ်တွေကို အပြင်မပေါက်ကြားစေဖို့ တားမြစ်တောင်းဆိုထားတယ်လို့  သိရပါတယ်။

Pinterest

  ပရိသတ်တွေကတော့ Binjin တို့ နှစ်ဦးရဲ့ မင်္ဂလာပွဲအတွက် များစွာ စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။