မတ်လ ၂၇ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Channel A ရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ “Because Ko Doo-sim likes,”  အစီအစဉ်မှာ တောင်ကိုရီးယားဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Ko Doo-sim က တောင်ကိုရီးယားမင်းသမီး Yoon Eun-hye နဲ့အတူ Gwangyang-si ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက Seomjingang မြစ်ကိုကြည့်ရင်း လှပတဲ့ ရှုခင်းတွေ အကြောင်းရယ် ၁၀ နှစ်တာကာလလောက် အလုပ်မှာ နှစ်မြုပ်ခဲ့မိတဲ့ အကြောင်းရယ် ကိုပြောလာကြပါတယ်။

Kbizoom

သူတို့နှစ်ဦးက ၁၀ နှစ်ကျော်ကြာ ခင်မင်လာတဲ့သူငယ်ချင်းတွေဖြစ်ပြီး ရုပ်ရှင်တစ်ကားတည်းမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။ အလုပ်မှာ စိတ်ကို နှစ်မြုပ်ထားတာကြောင့် အခုလို လှပတဲ့ ရှုခင်းမျိုးတွေ မမြင်ခဲ့ရတာ ကြာပြီလို့လည်း Ko Doo-sim က ဆိုပါတယ်။

နှစ်ဦးသား စကားစမြည်ပြောနေရင်းနဲ့ Ko Doo-sim က မင်းသမီး Yoon Eun-hye ကို အခုလို ပြောလာပါတယ်။

Kbizoom

“Yoon Eun-hye ရေ .. မင်းကို ဟင်းချက်နေတဲ့ တီဗီအစီအစဉ်မှာ တွေ့ဖူးတယ် .. မင်းက ငယ်ရွယ်ပြီး လှပတယ် .. မင်းက အားနည်းချက် ဟာကွက်မရှိလောက်အောင်ကို တော်တော် ပြည့်စုံတယ်နော် ..”

Ko Doo-sim  ရဲ့ မေးခွန်းကို Yoon Eun-hye က အခုလိုမျိုး ပြန်ဖြေခဲ့ပါတယ်။

Kbizoom

“ဟုတ်တယ် .. အစ်မ ကျွန်မမှာ မရှိသေးတဲ့ တစ်ခုတည်းသော အရာက ယောကျာ်းပါရှင် ..”

Ko Doo-sim   ကလည်း ဂျူနီယာ ညီမလေးရဲ့ အဖြေကို အရမ်းသဘောကျတဲ့အနေနဲ့ အိမ်ထောင်ပြုနိုင်ဖို့ ဘယ်တော့မှ လက်မလျော့နဲ့ ဆိုပြီး အားပေးစကားလေး ပြောလာပါတယ်။ Yoon Eun-hye က လည်း Ko Doo-sim    ပြောတာ လက်ခံတဲ့အနေနဲ့ “ကျွန်မဘယ်တော့မှ လက်မလျော့ဘူး” လို့ ပြန်ပြောခဲ့ပါတယ်။

Google

ညီအစ်မတွေလိုမျိုး ပွင့်ပွင့်လင်းလင်းပြောနေကြတာ တော်တော်ချစ်ဖို့ကောင်းပါတယ်။ တောင်ကိုရီးယား မင်းသမီး Yoon Eun-hye လေးရဲ့ ပွင့်လင်းပြီး အရွှမ်းဖောက်တတ်တဲ့ စရိုက်သဘောလေးကို ချစ်စဖွယ်လေး ဝေမျှပေးလိုက်ရပါတယ်။

Source – Kbizoom

Image – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။