တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် Son Ye-jin နဲ့ Hyun Bin တို့ဟာ မကြာခင်လက်ထပ်ကြတော့မယ့် စုံတွဲလေး ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ မကြာခင် လက်ထပ်ကြတော့မှာ ဖြစ်တာကြောင့် မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ဟာလေးတွေကို ကြိုးစားပြင်ဆင်နေကြပါတယ်။

Google

အပတ်စဉ် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Women’s Chosun ရဲ့ ကြေညာချက်အရ တောင်ကိုရီးယားမင်းသမီး Son Ye-jin ရဲ့ အမေ က သူ့ရဲ့ သမီးဖြစ်သူရဲ့ မင်္ဂလာ လက်ဖွဲ့အတွက် ရတနာသေတ္တာတစ်ဗူး ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

Google

ရတနာသေတ္တာက သေချာပြင်ဆင် ဖန်တီးထားတဲ့ ထုတ်ကုန်ဖြစ်ပြီး အရောင်ကာလာစုံစွာ သေချာပြင်ဆင်ထားတဲ့ အရာလေး ဖြစ်တယ်လို့ သိရပါတယ်။ ရတနာသေတ္တာရဲ့ ဈေးနှုန်းက ဝမ် ၁၂ သန်းရှိတယ်လို့ သိရပါတယ်။ Women’s Chosun ဘက်ကလည်း သူတို့ရဲ့ ရတနာ ပစ္စည်းလေးရဲ့ ဓာတ်ပုံလေးကို ထုတ်ပြကြေညာပေးထားတယ်လို့ သိရပါတယ်။

Google

သမီးဖြစ်သူကို ဝမ် ၁၂ သန်းတန် ရတနာ ပစ္စည်း ဝယ်ပေးတာနဲ့ ပတ်သတ်ပြီး Son Ye-jin ရဲ့ အမေက အခုလို ပြောလာပါတယ်။ “Son Ye-jin နဲ့ ကျွန်မရဲ့သားမတ်လေး နှစ်ယောက်စလုံးက နာမည်ကြီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးအတွက် အာရုံစိုက်မှုတွေ အများကြီး ပေးရပါတယ်။ သူတို့ မင်္ဂလာပွဲအတွက် မိခင်တစ်ယောက်ရဲ့ နှလုံးသား တစ်ခုလုံးနဲ့ သေသေချာချာ ပြင်ဆင်ပေးရပါတယ်။”

Google

Son Ye-jin နဲ့ Hyun Bin တို့နှစ်ယောက်စလုံးက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့မှာရှိတဲ့ Gwangjin-gu မှာရှိတဲ့ Sheraton Grand Walkerhill Hotel Aston House မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပကြမှာ ဖြစ်ပါတယ်။

Google
Google

နှစ်ဦးနှစ်ဖက် မိဘတွေမျိုးတွေကလည်း နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Son Ye-jin နဲ့ Hyun Bin တို့ဟာ မကြာခင်အချိန် မတ် လ ၃၁ ရက်နေ့မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး နှစ်ဦးရဲ့ မင်္ဂလာပွဲအတွက် ပရိသတ်တွေကလည်း များစွား စိတ်ဝင်စားနေကြပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။