မကြာသေးမီက အော်စကာဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ Troy Kotsur ဟာဆိုရင် ပထမဦးဆုံးအနေနဲ့ အော်စကာ ဆုပေးပွဲမှာ လက်ခုပ်သီးသံ မညံခဲ့တဲ့သူဖြစ်ပါတယ်။ Troy Kotsur ဆုရရှိခဲ့ပေမယ့် ဘယ်သူမှ လက်ခုပ်မတီးခဲ့ရတဲ့ အကြောင်းအရင်းကတော့ Troy Kotsur က နားမကြားတဲ့သူ တစ်ယောက် ဖြစ်နေလို့ပဲဖြစ်ပါတယ်။ လက်ခံတီးပြီး ဂုဏ်ပြုပေးမယ့်အစား အခြား နည်းလမ်းကို အသုံးကိုကာ Troy Kotsur ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Troy Kotsur receives the Best Supporting Actor Award
Troy Kotsur receives the Best Supporting Actor Award

Troy Kotsur ဟာ အော်စကာဆုပေးပွဲ သမိုင်းမှာ ပထမဦးဆုံးအနေနဲ့ ဆုရရှိခဲ့တဲ့ နားမကြား သူဖြစ်ပါတယ်။ မသန်ပေမယ့် စွမ်းတယ်ဆိုတဲ့ ပြောစကားကို သက်သေပြပေးနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ Troy Kotsur က မတ်လ ၂၈ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် အော်စကာ ဆုပေးပွဲအခန်းအနားမှာ ပထမဦးဆုံး နားမကြားသူတစ်ယောက်အနေနဲ့ CODA ဇာတ်လမ်းမှာ အကောင်းဆုံး ဇာတ်ပို့ ၊ ဇာတ်ရံ ဆုရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ အော်စကာဆု သမိုင်းမှာလည်း Troy Kotsur ဟာ ပထမဦးဆုံး အကြိမ် ဆုရရှိခဲ့တဲ့  နားမကြားသူဖြစ်ပါတယ်။

Troy Kotsur receives the Best Supporting Actor Award

Troy Kotsur က နားမကြားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဆုပေးပွဲအခန်းအနားမှာ လက်ဟန်အနေအထား အသုံးပြုပြီးတော့သာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ Troy Kotsur ကို ဆုပေးခဲ့တဲ့ ၂၀၂၁ အကောင်းဆုံး ဇာတ်ပို့ ဇာတ်ရံ အော်စကာဆုရှင် အဘွား Youn Yuh Jung ကလည်း လက်ဟန်အမူအယာ ပြပြီးတော့သာ ဆုကြေညာပေးခဲ့တာဖြစ်ပါတယ်။

Troy Kotsur receives the Best Supporting Actor Award

ဆုပေးပွဲအခန်းအနားကို တတ်ရောက်လာခဲ့တဲ့ မင်းသားမင်းသမီးတွေနဲ့ ဧည့်သည်တွေအားလုံးက ကလည်း ပုံမှန် လက်ခုပ်တီးနေတဲ့ ပုံစံမျိုးနဲ့ ဂုဏ်ပြု မပေးခဲ့ကြဘဲ လက်လေးတွေကို လေထဲမြှောက်ကာ နားမကြားသူတစ်ယောက်ကို ဂုဏ်ပြုပေးတဲ့ သင်္ကေတလေး လုပ်ပြခဲ့ကြပါတယ်။

Google

Troy Kotsur ကလည်း ဆုကို လက်ဟန်အနေအထား ဘာသာစကားနဲ့ပဲ လက်ခံခဲ့ပါတယ်။ Troy Kotsur ဟာ သူကိုယ်တိုင် အခုလို ဆုကို ရရှိနေတာကို အံ့သြနေပြီး ပြီး အော်စကာဆု စင်မြင့်ထက်မှာ ဆုရရှိနေခဲ့တာကိုလည်း ယုံတောင် မယုံနိုင်ခဲ့ဘူးလို့ သိရပါတယ်။

Google

Troy Kotsur ရဲ့လက်ဟန်ခြေဟန်နဲ့ ဘာသာစကားကို ဘာသာပြန်ပြပေးခဲ့တဲ့ သူကိုယ်တိုင်လည်း မျက်ရည်များကို ထိန်းမထားနိုင်ခဲ့ဘူးလို့ သိရပါတယ်။

Google

Troy Kotsur ကို ၁၉၆၈ ခုနှစ်မှာ နားမကြားသူတစ်ယောက် အဖြစ်နဲ့ Mesa မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။အော် စကာ ဆုရရှိခဲ့တဲ့ CODA ဇာတ်လမ်းတွဲမှာ Troy Kotsur က နားမကြားတဲ့ ဖခင်တစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Google

Source - https://kbizoom.com/for-the-first-time-at-the-oscars-an-actor-received-the-award-without-anyone-clapping/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။