ဆူလီလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Choi Jin-ri ဟာ တောင်ကိုရီးယားမှာ နာမည်ကြီးတဲ့ အဆိုတော် သရုပ်ဆောင် မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ကလေးဘဝ ငယ်ငယ်လေးကတည်းက အနုပညာလှုပ်ရှားမှုထက်ကို ရောက်ရှိခဲ့တဲ့ သူဖြစ်ပြီး လူချစ်လူခင် ပေါများတဲ့ ကောင်မလေးဖြစ်ပါတယ်။

Google
Google

အမြဲတမ်းပြုံးနေပြီး စိတ်ညစ်စရာ မရှိဘူးလို့ ထင်ရတဲ့ ချစ်စရာ ကောင်မလေး ဆူလီဆီမှာ ကိုယ့်ကိုယ်ကို သက်သေချင်လောက်တဲ့အထိ အထိ ဖိစီးမှုတွေရှိနေတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

Google
Google

ဆူလီတစ်ယောက် ပရိသတ်တွေကို ထားခဲ့ပြီး အဆုံးစီရင်သွားခဲ့ပေမယ့်လည်း သူမရဲ့ ပရိသတ်တွေကတော့ တစ်ရက်ကလေး မှ မေ့လို့ မရနိုင်ခဲ့ပါဘူး။ အသက်ရှိသူတစ်ယောက်လိုမျိုး ကောင်မလေးရဲ့ မွေးနေ့တိုင်းမှာ မွေးနေ့ ဆုတောင်းမှုလေးတွေ အမြဲ လုပ်ပေးနေကြဖြစ်ပါတယ်။

Google
Google

ဆူလီသာ အသက်ရှင်လျက်ရှိနေခဲ့ရင် ဒီကနေ့ မတ်လ ၂၉ ရက်နေ့က  သူမရဲ့ ၂၈ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ မင်းသမီးလေးရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့အတွက် ဝိုင်းဝန်းဆုတောင်းပေးထားကြပါတယ်။ ကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ရှိနေမှာသေချာတဲ့ အဖြူရောင် မင်းသမီးလေးရေ .. ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေနော်။

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။