အော်စကာအကယ်ဒမီဆုရှင် ဝီလ်စမစ်ဟာဆိုရင် အော်စကာစင်မြင့်ထက်မှာ ဇနီးသည်ဖြစ်သူရဲ့ ဆံပင်ပုံစံကို ဝေဖန်ခဲ့တဲ့ အစီအစဉ် တင်ဆက်သူ ခရစ်ရော့စ်ကို ပါးတတ်ရိုက်ခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ စာရေးပြီးတင်ခဲ့ပါတယ်။

Google

ဝီလ်စမစ် တောင်းပန်စကားရေးထားတာလေးကို အောက်မှာ ဘာသာပြန် ဖော်ပြပေးထားပါတယ်။

“ကျွန်တော် ခင်ဗျားကို တောင်းပန်ချင်ပါတယ် ခရစ်စ် .. ကျွန်တော် စည်းကျော်ခဲ့တယ် .. ကျွန်တော်မှားခဲ့တယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကို အရှက်ရမိပါတယ်။ ကျွန်တော့်လုပ်ရပ်တွေက ကျွန်တော်စိတ်ကူးထားတဲ့ ယောကျာ်းတစ်ယောက် ပုံစံလိုမျိုး မဖြစ်နေပါဘူး။ ချစ်ခင်မေတ္တာတွေနဲ့ အကြင်နာတရားတွေ ကိန်းအောင်းနေတဲ့ ကမ္ဘာကြီးမှာ အကြမ်းဖက်မှုဆိုတာ မရှိသင့်ပါဘူး။ အကြမ်းဖက်မှုတွေ အားလုံးက အဆိပ်အတောက်ဖြစ်စေပြီး ပျက်စီးစေပါတယ်။ ပြီးခဲ့တဲ့ညက အကယ်ဒမီပေးပွဲမှာ လုပ်ခဲ့တဲ့ ကျွန်တော့်လုပ်ရပ်က လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။  ကျွန်တော့်ကို စနောက်လို့ ပြောင်လို့သည်းခံနိုင်ပေမယ့် Jada (ဇနီးသည်) ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို စနောက်တာဖြစ်နေလို့ ကျွန်တော် ဒေါသဖြစ်သွားတာပါ။”

Instagram
Google

အစီအစဉ်တင်ဆက်သည် ခရစ်ရော့စ် ဟာ အကောင်းဆုံး Documentary ဆုကို ကြေညာဖို့ လုပ်နေတုန်းမှာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ Jada Pinkett Smith ရဲ့ ဆံပင် နဲ့ ပတ်သတ်ပြီး ဟာသတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဝီလ်စမစ်ရဲ့ ဇနီးသည် ဖြစ်သူဟာ ကျန်းမာရေး အခြေအနေ တစ်ခုကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်လို့ ဆံပင်ပုံစံက ပျက်စီးနေရတာဖြစ်ပါတယ်။ ဇနီးသည်ဖြစ်သူရဲ့ ရုပ်ပိုင်းသွင်ပြင်ကို လှောင်ပြောင်မှု လုပ်ခဲ့တာကြောင့် စမစ် က အခုလို မျိုး စင်ပေါ်အထိ ပါးတတ်ရိုက်ခဲ့တာဖြစ်ပါတယ်။

Google

ပါးရိုက်ပြီး စင်ပေါ်ကအဆင်း ထိုင်ခုံပေါ်ပြန်လာတဲ့ အချိန်မှာလည်း ဝီလ်စမစ်က “ငါ့မိန်းမ နာမည်ကို မင်းသောက်ပါးစပ်ကြီးကနေ မပြောစမ်းနဲ့” (Keep my wife's name out of your f------ mouth) လို့ပြောခဲ့တယ်လို့ သိရပါတယ်။

Google

ဝီလ်စမစ်ဟာ အကယ်ဒမီ စင်မြင်ထက်မှာလည်း ရော့စ်နဲ့ ပရိသတ်တွေကို ငိုပြီးတောင်းပန်ခဲ့ပါသေးတယ်။  ဘယ်လောက်ဒေါသထွက်ထွက် ကိုယ်လုပ်ခဲ့တဲ့အမှားကို မြင်ပြီး သေသေချာချာ ပြန်တောင်းပန်တတ်တဲ့ ဝီလ်စမစ်ရဲ့ စိတ်ဓာတ်ကို အားလုံးက ချီးကျူး ဂုဏ်ပြုနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။