တရုတ်နာမည်ကြီးမင်းသား Deng Lun ဟာ အခွန်ရှောင်မှုနဲ့ တရုတ်နိုင်ငံ ရုပ်ရှင်လောကကနေ ပျောက် ကွယ်လုမတတ် ဖြစ်နေတဲ့ မင်းသားဖြစ်ပါတယ်။ Deng Lun ဟာ တရုတ်နိုင်ငံရုပ်ရှင်လောကမှာ ကမ္ဘာနဲ့ ချီ နာမည်ကြီးတဲ့သူဖြစ်ပြီး သူ brand ambassador အဖြစ် ပါဝင်ဆောင်ရွက်ထားတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေလည်း အများကြီးပဲဖြစ်ပါတယ်။

Google
Google

ရှန်ဟိုင်း အခွန်စည်းကြပ်ရေး ဗျူရိုက  Deng Lun ကို အခွန်ငွေရှောင်တယ်လို့ သံသယရှိတာကြောင့် စစ်ဆေးခဲ့တဲ့နောက်မှာ Deng Lun က ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အကြား ဝင်ငွေ လိမ်လည် ပြသခဲ့တယ်ဆိုတဲ့ အချက်တွေ ထွက်ရှိလာခဲ့ပါတယ်။

Google
Google

Deng Lun ဟာ တရုတ်ယွမ်ငွေ ၄၇ သန်းကျော် (ကန်ဒေါ်လာ ၇ သန်းကျော်) ဖိုး အခွန်ရှောင်ခဲ့တာဖြစ်ပြီး ယွမ် ငွေ ၁၁ ကျော်ဖို့က ပေးရမယ့်အခွန်ငွေကို လျော့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခွန်ငွေ လိမ်လည် ပြသခဲ့တာနဲ့ ပတ်သတ်ပြီး Deng Lun ကိုယ်တိုင်လည်း ဝန်ခံခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကတော့ နောက်ကျကြေး ဒဏ်ကြေး စုစုပေါင်း ယွမ် ၁၀၆ သန်း ( ကန်ဒေါ်လာ ၁၆.၆ သန်းကျော်) လျော်ကြေးငွေ ချမှတ်ခဲ့ပေမယ့် Deng Lun အတွက် ရိုက်ခတ်မှုကြီးက ထင်ထားတာထက် ပိုပြီး အရမ်းကို ကြီးမားပါတယ်။

Facebook
Google

တရုတ်နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ Jing Daily ၊ L’Oreal နဲ့ Roger Vivier တို့တွေကလည်း Deng Lun နဲ့ လက်တွဲကြော်ငြာထားတဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်လိုက်ပြီလို့ သိရပါတယ်။  L’Oreal ဘက်ကလည်း Deng Lun နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

Google

လက်ရှိမှာ Deng Lun ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအားလုံးကို ပိတ်ထားတာကြောင့် Deng Lun တစ်ယောက် အနုပညာလှုပ်ရှားမှုကို ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်တော့မလားဆိုပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Source - https://cnaluxury.channelnewsasia.com/people/deng-lun-ashes-love-china-tax-evasion-198116

Image – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။