အသက် ၃၉ နှစ်အရွယ်ရှိတဲ့ Hyun Bin နဲ့ အသက် ၄၀ နှစ်အရွယ် Son Ye Jin တို့ဟာ တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင် စုံတွဲတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ မကြာခင်မှာ လက်ထပ်ကြတော့မှာဖြစ်ပြီး သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲ ကိစ္စတွေ ဟာလည်း ပရိသတ်တွေကြာမှာ နာမည်ကြီးရေ ပန်းစားနေခဲ့ပါတယ်။

Google

BinJin စုံတွဲလေးက ၂၀၁၉ ခုနှစ်မှာ ထွက်ရှိရိုက်ကူးခဲ့တဲ့ Crash Landing On You ဇာတ်လမ်းရိုက်ကူးရင် သံယောဇဉ်တွေ တိုးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကို မတ်လ ၃၁ ရက်နေ့မှာ Grand Walkerhill Seoul ရဲ့ Aston House မှာ ကျင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်တလောမှာ မင်္ဂလာပွဲအတွက် စီစဉ်တာတွေ ပြီးသလောက်ဖြစ်နေပြီး ဖိတ်စာတွေလည်း ဝေပြီးပြီလို့ သိရပါတယ်။

Google
Google

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲမှာ ဧည့်သည် အယောက် ၂၀၀ ကိုသာ ဖိတ်ကြားထားပြီး အကျဉ်းချုံး ကျင်းပသွားမှာဖြဟ်ပေမယ့် ကုန်ကျစရိတ်ကတော့ များစွာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Taiwan's Apple Daily မီဒီယာရဲ့ အဆိုအရ Binjin တို့ မင်္ဂလာပွဲကို ကြွရောက်လာမယ့် ဧည့်သည်တစ်ယောက် ချင်းစီအတွက် ခန့်မှန်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅၀၀ ကနေ ၆၀၀ ကျပ်အထိဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲ တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ သိန်း ၉ သောင်း ၊ မြန်မာငွေကျပ် သိန်း ၃ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Google

မင်္ဂလာပွဲမှာ ကုန်ကျစရိတ်တွေ အများကြီးထည့်သုံးထားရတဲ့နောက် ထပ်အကြောင်းအရင်းကတော့ လုံခြုံရေး ငှားခကြောင့်လို့ သိရပါတယ်။ BinJin စုံတွဲက လုံခြုံရေး ငှားခအတွက် ငွေကြေးအများကြီးသုံးထားပြီး စုံတွဲနှစ်ဦး ရဲ့ မင်္ဂလာပွဲကို ပိုပြီး private ဆန်ဆန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

Binjin စုံတွဲ မင်္ဂလာဆောင်မယ့် Aston House ခန်းမက Bae Yong-Joon နဲ့ Park Soo-Jin တို့လို နာမည်ကြီးတဲ့ အနုပညာရှင်တွေ မင်္ဂလာဆောင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

Google

လက်ထပ်ပွဲကို သီးသီးသန့်သန့် ကျင်းပသွားမှာဖြစ်ပေမယ့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုထားတဲ့ Binjin တို့ မင်္ဂလာပွဲအတွက် ပရိသတ်တွေအားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။