One Championship ကစားသမား တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းဟာ ဆိုရင် မြန်မာ-အမေရိကန်နိုင်ငံသား ကချင်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ လက်ရှိမှာ အမေရိကန်နိုင်ငံမှာ နေထိုင်နေပြီး သာယာပျော်ရွှင်စရာ မိသားစုလေးကို တည်ဆောက်ထားပြီပဲဖြစ်ပါတယ်။

Aung La N Sang's Facebook

အောင်လအန်ဆန်းက သူ့မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး မိသားစုနဲ့ ပတ်သတ်တဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ လုူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အောင်လတစ်ယောက် သူ့မိသားစုနဲ့ ပတ်သတ်တဲ့ သတင်းကောင်းလေးတစ်ခုကို ဝေမျှပေးလိုက်ပြန်ပါပြီ။

Aung La N Sang's Facebook

အဲဒါလေးကတော့ သားရတနာလေး နောက်တစ်ယောက်ကို မကြာခင်အချိန်မှာ ရရှိပိုင်ဆိုင်တော့မယ်ဆိုတာပဲဖြစ်ပါတယ်။ အောင်လရဲ့ သားရတနာကို လာမယ့် သြဂုတ်လမှာ မွေးဖွားတော့မယ်လို့ အောင်လက အခုလိုမျိုး ဆိုထားပါတယ်။

Aung La N Sang's Facebook

“We’ve got another boy due in August. The N Sang family is truly blessed. …”

Aung La N Sang's Facebook

အောင်လအန်ဆန်းရဲ့ အမျိုးသမီးနာမည်က ကေတီဖြစ်ပြီး ၊ သူ့ရဲ့သား နဲ့ သမီးလေးရဲ့ နာမည်ကတော့ အောင်ဒီးနဲ့ ဆန်ဆိုင်းဂရေစ့်အင်ဆန်တို့ ဖြစ်ပါတယ်။ နောက်ထပ်မွေးဖွားလာမယ့် ရင်သွေးလေးက သားရတနာလေးပဲဖြစ်ပါတယ်။

Aung La N Sang's Facebook

အောင်လဆန်ဆန်းတို့ မိသားစုကတော့ နောက်ထပ်မွေးလာမယ့် သားလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဝမ်းမြောက်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။