တောင်ကိုရီးယားနာမည်ကျော် မိန်းကလေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ လီဆာတစ်ယောက် မတ်လ ၂၅ ရက်နေ့မှာ အမေရိကန် အနုပညာရှင် Austin Butler နဲ့ CELINE's Peter Utz တို့နဲ့အတူ အပြင်လျှောက်လည်နေတဲ့ ပုံလေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Twitter
Twitter

လီဆာဟာဆိုရင် CELINE ရဲ့ ambassador တစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ သူဖြစ်ပြီး သူနဲ့အတူ ဒါရိုက်တာ ၊ သရုပ်ဆောင်တို့ အပြင်မှာ လျှောက်လည်နေတဲ့ပုံရိပ်လေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ လီဆာရဲ့ ပုံစံလေးကတော့ ပဲရစ်မြို့ရဲ့ လမ်းမထက်ပေါ်မှာ ပုံမှန်ဝတ်နေကြ အဝတ်အစားလေးကို ဝတ်ကာ လမ်းလျှောက်နေတာပဲဖြစ်ပါတယ်။

Twitter

လီဆာကို အခုလိုမျိုး အမေရိကန် နာမည်ကျော်တွေဖြစ်တဲ့ Peter Utz နဲ့ Austin Butler တို့နဲ့ အတူတွဲပြီး မြင်တွေ့ရတဲ့ အတွက်လည်း ပရိသတ်တွေက များစွာ အံ့အားသင့်နေကြပါတယ်။

Twitter
Twitter
Twitter

လီဆာတစ်ယောက် ဟောလိဝုဒ် နာမည်ကျော်တွေနဲ့ တွဲပြီး ပဲရစ်လမ်းမထက်မှာ လမ်းလျှောက်နေတဲ့ ပုံရိပ်လေးတွေကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source – Allkpop

Image – Google, Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။