တောင်ကိုရီးယားမင်းသား Park Seo Joon ဟာဆိုရင် Hungary နိုင်ငံ Budapest မြို့ကို ရောက်ရှိနေတဲ့ အကြောင်းကို မတ်လ ၂၄ ရက်နေ့က ဓာတ်ပုံလေး တင်ပေးထားပါတယ်။ ဓာတ်ပုံထဲမှာ Park Seo Joon က Budapest မြို့ ပုံရိပ်လေးကို တင်ပေးထားတာဖြစ်ပါတယ်။

Google

စည်ကားလှတဲ့ မြို့ကြီးတွေနဲ့ အဆောက်အဦကြီးတွေက ညအမှောင်အောက်မှာ တောက်ပနေပြီး လှပနေပါတယ်။ Park Seo Joon က သူ့ရဲ့ နွေးထွေးတဲ့ မျက်နှာလေးနဲ့ သက်သောင့်သက်သာရှိတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ထားပါတယ်။

Google

လက်ရှိမှာဆိုရင် Park Seo Joon က IU နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့  “Dream” ဆိုတဲ့ ရုပ်ရှင်ကားရိုက်ဖို့ Hungary ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

Google

Park Seo Joon က Lee Byung Hun နဲ့ Park Bo Young တို့နဲ့အတူ 'Concrete Utopia' ဆိုတဲ့ ဇာတ်လမ်းထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။