တောင်ကိုရီးယားမင်းသမီး Han Ga In ဟာ ဆိုရင် KBZ ရဲ့ “2 Days & 1 Night” အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်လာမယ်လို့ သိရပါတယ်။ Han Ga In ပါဝင်မယ့် အပိုင်းက “2 Days & 1 Night Season 4” မှာ ဖြစ်ပါတယ်။ သူမ ပါဝင်ရတဲ့ အကြောင်းအရင်းကတော့ ခင်ပွန်းဖြစ်သူကြောင့် လို့ သိရပါတယ်။

Google

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ တုန်းကလည်း Han Ga In က သူမဟာ သူမခင်ပွန်းဖြစ်သူ တောင်ကိုရီးယားမင်းသား Yeon Jung-hoon ပါဝင်ထားတဲ့ 2 Days & 1 Night မှာ ပါဝင်ချင်တဲ့အကြောင်း ဆိုထားပါတယ်။ သူမဟာ အစီအစဉ်မှာ ပါဝင်ချင်ပေမယ့် ကလေး ထိန်းတဲ့အလုပ်နဲ့ မအားဖြစ်နေတဲ့ အကြောင်းကိုလည်း Han Ga In က ထပ်ဆောင်းပြောထားပါသေးတယ်။ အခုတစ်ခေါက်မှာတော့ Han Ga In တစ်ယောက် သူမ ခင်ပွန်းဖြစ်သူရဲ့ အစီအစဉ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။

Google

လက်ထပ်ပြီးကတည်းက ရုပ်ရှင်လောကကနေ အချိန်အကြာကြီး မတွေ့ရတဲ့ အနု ပညာရှင် စုံတွဲ နှစ်ဦးကို အခုလို ပြန်တွေ့ရတော့မယ်ဆိုတော့ ပရိသတ်တွေ အနေနဲ့လည်း 2 Days & 1 Night Season 4 ကို စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Han Ga In ဟာ ဆိုရင် ခင်ပွန်းဖြစ်သူ တောင်ကိုရီးယားမင်းသား Yeon Jung-hoon နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google
Google

လက်ထပ်ပြီး ၁၁ နှစ်အကြာမှာတော့ Yeon Jae-hee ဆိုတဲ့ သမီးလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။