ဒါရိုက်တာရင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Jang Dong Gun နဲ့ Go So Young တို့ဟာ တောင်ကိုရီးယားနိုင်ငံ အနုပညာလောကမှာ အင်အားအကောင်းဆုံး အနုပညာရှင် လင်မယားအဖြစ် လူသိများတဲ့ စုံတွဲ ဖြစ်ပါတယ်။  သူတို့ လင်မယား နှစ်ယောက်ဟာ ၂၀၂၀ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့် အဆင်မပြေမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဖြစ်ရပ်လေးက တောင်ကိုရီးယားမင်းသား Jang Dong Gun နဲ့ Joo Jin Mo တို့ စကားပြောထားတဲ့ စာတွေ ပေါက်ကြားလာတာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

Google

ဟက်ကာတစ်ယောက်က Jang Dong Gun နဲ့ Joo Jin Mo တို့ နှစ်ဦး အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ညစ်တီးညစ်ပတ် ပြောထားတာတွေကို ဖွင့်ချခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာ ဖြစ်ပြီးတဲ့နောက်မှာ မင်းသား Jang Dong Gun ရဲ့ ပုံရိပ်က ပြိုကွဲသွားခဲ့ရပြီး နာမည်ကျဆင်းသွားခဲ့ပါသေးတယ်။ သူရဲ့အမျိုးသမီးဖြစ်သူ တောင်ကိုရီးယားမင်းသမီး Go So Young နဲ့လည်း ကွာရှင်းသွားခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ နာမည်ဆိုးတွေထွက်ခဲ့တုန်းကလည်း မင်းသမီး Go So Young က ခင်ပွန်းဖြစ်သူ Jang Dong Gun နဲ့ ပတ်သတ်ပြီး အများကြီးပြောထားတာမျိုး မရှိခဲ့ပဲ တိတ်ဆိတ်သွားခဲ့တာကြောင့် သူတို့နှစ်ဦးကို တိတ်တဆိတ် ကွာရှင်းသွားပြီလို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Google

ဒါပေမယ့်လည်း တောင်ကိုရီးယား မင်းသမီး Go So Young က သူမ အမျိုးသားကို ခွင့်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး လမ်းမခွဲခဲ့ပဲ ပြန်လည်လက်တွဲခဲ့ကြပါတယ်။ ၂ နှစ်ကြာပြီးနောက်မှာတော့ သူတို့နှစ်ဦးက ခက်ခဲတဲ့ အချိန်တွေကို ကျော်လွှားနိုင်ခဲ့ကြပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ကြပါပြီ။

Instagram
Instagram

သူတို့ နှစ်ဦး အဆင်ပြေပြေ ရှိနေတဲ့အကြောင်းကို တောင်ကိုရီးယားမင်းသမီး Go So Young က သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ခင်ပွန်းဖြစ်သူ ပေးထားတဲ့ ပန်းစည်းလေးနဲ့အတူ တင်ပေးထားတာပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ Go So Young က ပန်းစည်းအနီလေးကို ကိုင်ထားပြီး ပန်းစည်းလေးနဲ့အတူ အမျိုးသားတစ်ယောက်ရဲ့ လက်ကိုပါ ကိုင်ထားတာ တွေ့ရပါတယ်။ အင်တာနက်အသုံးပြုသူတွေရဲ့ သုံးသပ်ချက်အရ Jang Dong Gun က သူ့ချစ်ဇနီးလေးကို အချစ်သင်္ကေတ ပန်းစည်း နီနီလေးပို့ပေးထားပြီး ချစ်ကြောင်း ပြသထားတာ လို့ သိရပါတယ်။ ဓာတ်ပုံထဲမှာတွေ့ရတဲ့ လက်ကလည်း Jang Dong Gun ရဲ့ လက်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Go So Young နဲ့ Jang Dong Gun တို့ဟာ နှစ်ပေါင်းများစွာ အရမ်းရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ငွေရှာကောင်းမှုကြောင့် တောင်ကိုရီးယားမှာ ဈေးအကြီးဆုံး အဆောက်အဦကြီးကို ဝယ်ယူနိုင်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

Google

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။