ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိဘမဲ့ဂေဟာတွေနဲ့ ဆင်းရဲနွမ်းပါးကလေးငယ်များကို တစ်ဦးလျင် နို့မှုန့် ၂ ဗူးနှုန်းဖြင့် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ လှူဒါန်းမယ့် နို့မှုန့်ဗူးအရေအတွက်က တစ်သောင်း ဖြစ်ပြီးပြီး စုစုပေါင်း တန်ဖိုးငွေ သိန်း ၃၅၀၀ ဖိုးရှိတယ်လို့ သိရပါတယ်။

Khine Hnin Wai's Facebook

အခု လှူဒါန်းမှုကို “Nature One” မှ တာဝန်ရှိသူများက လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပရဟိတမင်းသမီး ခိုင်းနှင်းဝေမှ တစ်ဆင့် ထပ်မံ လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Khine Hnin Wai's Facebook

မိုးရွာကြီးထဲမှာ  လိုအပ်နေသူတွေကို နို့မှုန့်ဗူးတွေ လှူဒါန်းမှုပေးနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး တင်ပေးထားပါတယ် ။

Khine Hnin Wai's Facebook

“ နို့မှုန့် ဗူးပေါင်း (၁) သောင်း (တန်ဘိုးငွေ သိန်း ၃၅၀၀ ခန့်) အလှူ စ,တင် လှူဒါန်းဖြစ်ပါတယ်ရှင်..မြန်မာ တနိုင်ငံလုံးမှ မိဘမဲ့ ဂေဟာများ နှင့် ဆင်းရဲနွမ်းပါးကလေးငယ်များကို တစ်ဦးလျှင် (၂) ဗူးခန့် လှုဒါန်းပေးသွားမှာ ဖြစ်ပါတယ်..အမှန်တကယ် စေတနာမေတ္တာအပြည့်ဖြင့် လှူဒါန်းပေးပါသော "Nature One" မှ တာဝန်ရှိ လူကြီးမင်းများကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်ရှင်..ကုန်ပစ္စည်းကြော်ငြာမဟုတ်ပဲ အမှန် လှူဒါန်းပေးပါသောကြောင့်လဲ ပီတိများစွာ ပွားများအတုယူဖြစ်ပါတယ်..ဤ ကုသိုလ်တို့အား မြင်သမျှ ကြားသမျှ သာဓု သာဓု ခေါ်ဆိုပြီး ပီတိကုသိုလ်လေးများ ပွားများနိုင်ကြပါစေရှင်..???…”

Khine Hnin Wai's Facebook

ကုန်ဈေးနှုန်းတွေ တတ်လာတာနဲ့အမျှ နို့မှုန့်ဗူးဈေးတွေကလည်း တတ်လာပါတယ်။ ဒီလိုကာလမှာ အခြေခံလူတန်းစားတွေအဖို့ နို့မှုန့်ဗူးတွေ ဝယ်ယူဖို့ အဆင်မပြေလှတဲ့ ကာလ ဖြစ်နေတာကြောင့် ဒီလှူဒါန်းမှုလေးက လိုအပ်နေသူတွေအဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ ။

Khine Hnin Wai's Facebook

ပရဟိတ မင်းသမီး ခိုင်းနှင်းဝေရဲ့ အလှူလေးကို အားလုံးပဲ သာဓုခေါ်ဆိုနိုင်စေဖို့ အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။