တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ki Tae-Young နဲ့ Eugene တို့ဟာ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်နဲ့အတူ လှပတဲ့မိသားစုလေးကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။
Eugene က သူမရဲ့သမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတမ်း ဝေမျှပေးလေ့ရှိပါတယ်။ မတ်လ ၂၁ ရက်နေ့မှာလည်း Eugene က သူမရဲ့ သမီးလေး နှစ်ယောက်ပုံလေးတွေကို “ရိုရို ညီအစ်မ ရေမကူးခင်သွေးပူလေ့ကျင့်ခန်းလုပ်နေကြတယ်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပုံလေးတွေ တင်ပေးလာပါတယ်။
ဓာတ်ပုံထဲမှာ ညီအစ်မ နှစ်ယောက်ဖြစ်တဲ့ ရိုဟီးနဲ့ရိုရင်းက ရေမကူးခင် လေ့ကျင့်ခန်းလုပ်နေကြတာပါ။ ညီအစ်မ နှစ်ယောက်စလုံး ပန်းရောင် ရေကူးဝတ်စုံလေးတွေ ဝတ်ဆင်ထားပြီး ချစ်စရာ အမူအရာလေးတွေလုပ်နေကြတာကြောင့် သူတို့ပုံရိပ်လေးတွေက ပရိသတ်တွေကို ပြုံးသွားစေပါတယ်။
နောက်ထပ် post တစ်ခုမှာလည်း Eugene က ဓာတ်ပုံတွေ အများကြီးကို “ မိသားစုပထမဦးဆုံးကမ်းပိန်းလေးပါ။ marshmallow တွေရော မီးပန်းတွေရော မီးပန်းအမှုန့်တွေရော အကုန်ရှိတယ် .. လိုချင်တာယူလို့ရပါတယ်” ဆိုတဲ့ စာသားလေးနဲ့အတူ တင်ပေးလာပါတယ်။ ဓာတ်ပုံလေးတွေထဲမှာ ရိုရို ညီအစ်မ သူတို့ရဲ့ ပထမဦးဆုံးမိသားစု ခရီးလေးမှာ ပျော်ရွှင်နေကြတဲ့ ပုံလေးတွေ အတိုင်းသား တွေ့နေရပါတယ်။ ပရိသတ်အချစ်တော် ရိုရိုညီအစ်မရဲ့ ဓာတ်ပုံလေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။
တောင်ကိုရီးယားမင်းသမီး Eugene က တောင်ကိုရီးယားမင်းသား Ki Tae-young နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ရိုရိုလို့ခေါ်တဲ့ သမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်သောမိသားစု ရိပ်မြုံလေးမှာ အတူတူနေထိုင်နေကြပြီပဲဖြစ်ပါတယ်။
Source - Kbizoom
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။