စက်လှေပေါ်ကနေ ပြုတ်ကျသေဆုံးသွားရတဲ့ ထိုင်းမင်းသမီး တန်မို ရဲ့ မိခင်မှ အသနားခံစာတင်ခဲ့တာကြောင့်  ထိုင်းနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထက်လွှတ်တော် ဥက္ကဌ မစ္စတာဆမ်ချိုင်းမှ တန်မိုသေဆုံးမှုအား အနီးကပ်စောင့်ကြည့်ကာ ရဲတပ်ဖွဲ့ကိုမှာကြားထားတဲ့အကြောင်း တနင်္လာနေ့တုန်းက ပြောကြားခဲ့ပါတယ်။

Google
Google

ပြန်လည်စုံစမ်းစစ်ဆေးမှုမှာ ကဏ္ဍများစွာကို ပြန်လည် ဆန်းစစ် စစ်ဆေးသွားမယ်လို့ သိရပြီး ပြန်လည်စစ်ဆေးမယ့် အထဲမှာ တန်မိုရဲ့ ဝင်စားဆင်ယင်မှုပုံစံနဲ့ သွေးနမူနာပုံစံများပါ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ပါ ရဲတပ်ဖွဲ့ကိုတောင်းဆိုထားတယ်လို့ သိရပါတယ်။

Google

ပြန်လည်စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလတ်အသစ်များ ထပ်ထည့်သွားမှာ မဟုတ်ပေမယ့် ရှိပြီးသား အစည်းအဝေး အကျဉ်းချုပ်များ ၊ အလောင်းစစ်ဆေးခြင်းရလဒ်များနဲ့ စီစီတီဗီမှတ်တမ်းများကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ စုံစမ်းရေးမှူးများက မတော်တဆ ဖြစ်ချိန်မှာ လှေပေါ်မှာ ရှိနေတဲ့ လူ ၅ ဦးရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့ပေမယ့် ထွက်ဆိုချက်များက တစ်ခုနဲ့ တစ်ခု ကွဲလွဲနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် လှေပေါ်ပါ လူ ၅ ယောက်ရဲ့ ပြောကြားချက်တွေက လုပ်ကြံ ဖန်တီးထားခြင်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဆမ်ချိုင်းက ပြောကြားခဲ့ပါတယ်။

Google

သီးခြားအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် မင်းသမီးအလောင်းကို ပြန်လည်စစ်ဆေးဖို့ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို မတ်လ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရှေ့နေ Kritsana Sriboonpimsuay ကTangmo ရဲ့ မိခင်ကိုယ်စား ဗဟိုမှုခင်းဆေးပညာကို ပြန်လည်စစ်ဆေးရန်အတွက် တောင်းဆိုခဲ့ပြီးနောက်မှာ  အခုလိုမျိုး အသေးစိတ် ပြန်လည် စစ်ဆေးမှုတွေ စတင်လာတာဖြစ်ပါတယ်။

တန်မိုရဲ့ ရင်ဘတ်မှာတွေ့ရတဲ့  မီးလောင်ဒဏ်ရာ၊ သွား နှင့် ဦးခေါင်း အခြေအနေနှင့် ပေါင်တွင် ရရှိထားတဲ့ ဒဏ်ရာနက်များနှင့်  ပတ်သက်၍ မေးခွန်းများ ရှင်းရန် လိုအပ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အထက်လွှတ်တော် ဥက္ကဌ  မစ္စတာဆမ်ချိုင်း က ပြောပါတယ်။ အမှုမှန်က ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာ သိရဖို့ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။