တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးနဲ့ ချွဲတေဂျွန်းတို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

Google

သူတို့ စုံတွဲနှစ်ဦး လက်ထပ်ပြီးတဲ့နောက်မှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ကြပြီး ချစ်ကြည်နူးစရာ ဇနီးမောင်နှံလေးကို ပရိသတ်တွေ အားလုံးကလည်း အားကျနေကြပါတယ်။

Photo - Credit

အခုတစ်ခေါက်မှာလည်း ပတ်ရှင်ဟေးနဲ့ ချွဲတေဂျွန်းတို့ ဟာဝိုင်အီမှာ ခရီးအတူတူထွက်နေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo - Credit
Instagram

ပတ်ရှင်ဟေးနဲ့ ချွဲတေဂျွန်းတို့ ဟာဝိုင်အီ ခရီးရောက်ရှိနေတာ မတ်လ ၁၁ ရက်နေ့ကတည်းက ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဟာဝိုင်အီမှာ နာမည်ကြီး အနုပညာရှင်တွေလိုမဟုတ်ဘဲ ရိုးရိုးသာမန်သူတွေလိုမျိုး လျှောက်လည်နေကြတာဖြစ်ပါတယ်။ အခုအချိန်အထိ လည်း ဟာဝိုင်အီ ခရီးကနေ ပြန်မလာသေးပဲ ပျော်ရွှင်နေကြတုန်းပဲဖြစ်ပါတယ်။

Instagram
Instagram

ပတ်ရှင်ဟေးကိုယ်တိုင်ကလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာဝိုင်အီ ခရီးက ပုံလေးကို ဝေမျှပေးထားပါတယ်။ အသစ်စက်စက် ဇနီးမောင်နှံရဲ့ ဟာဝိုင်အီခရီးစဉ် ပုံရိပ်လေးတွေ ကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။