ဂိမ်းတွေအများကြီးကိုဆော့ချင်ကြပေမဲ့ ကိုယ့်ဖုန်းကဂိမ်းအများကြီးကိုမနိုင်တာတို့၊ထည့်ထားရင်လည်း ဆော့လို့မကောင်းတော့တာတို့ကို လူတိုင်းကြုံဖူးကြမှာပါ။အဲ့ဒါကြောင့် ဂိမ်းအမျိုးအစားတစ်ခုကိုဆော့ပြီး နောက်တစ်ခုကိုဆော့ချင်ရင် အရင်ဂိမ်းကိုဖျက်ပစ်ရတာတွေဘာတွေလုပ်ရပါတယ်။ဒါကြောင့်အလုပ်တွေရှုပ်ပြီး ဖုန်းထဲမှာလည်း အမှိုက်ဖိုင်တွေကပိုများလာတတ်ပါတယ်။အဲ့လိုပြဿနာတွေကိုမကြုံရတော့အောင် App တစ်ခုတည်းမှာပဲ ဂိမ်းပေါင်းများစွာကိုဆော့လို့ရမှာမျိုးရှိလားဆိုရင် Roblox ရှိပါတယ်။

သူ့မှာတော့အားသာချက်တွေအများကြီးနဲ့ပါ။ကြိုက်တဲ့ဂိမ်းကိုရွေးဆော့လို့ရတဲ့အပြင် ကိုယ်တိုင်လည်းဂိမ်းတွေကို ဖန်တီးနိုင်ပါသေးတယ်။Roblox ထဲမှာဂိမ်းအမျိုးအစားပေါင်းများစွာပါဝင်ပါတယ်။အဲ့ဂိမ်းတွေကလည်း Developer တွေကဖန်တီးထားတာတွေမဟုတ်ပဲ ဂိမ်းဆော့သူတွေကပဲ စိတ်ကြိုက်ဖန်တီးထားတာတွေပါ။အမျိုးအစားတစ်ခုအောက်ထဲမှာပဲ ဂိမ်းပေါင်းကိုရာနဲ့ချီပြီးရှိနေတာပါ။ကိုယ်ကြိုက်တဲ့ဂိမ်းထဲကို ကြိုက်တဲ့အချိန်ဝင်ကစားလို့ရပါတယ်။ထူးခြားချက်တစ်ခုကတော့ ဒီဂိမ်းဟာကမ္ဘာငယ်လေးလို ဖြစ်နေတာကြောင့်ပါပဲ။နာမည်ကြီးတွေတော်တော်များများကလည်း ဒီဂိမ်းကိုဆော့ကြပြီး သူတို့ကိုယ်ပိုင်ဖန်တီးထားတဲ့ဂိမ်းတွေထဲသွားလည်ရင် သူတို့နဲ့ပတ်သက်တာတွေအများကြီးကိုတွေ့ကြရမှာပါ။

Photo via Roblox Company

ပြီးတော့ဒီဂိမ်းကို Special ဖြစ်စေတဲ့အချက်က သူ့ရဲ့ Community ကြောင့်ဖြစ်ပါတယ်။တစ်ကမ္ဘာလုံးက ကစားသမားတွေအများကြီးကို ပွဲတစ်ပွဲထဲမှာ အတူတူတွေ့ရမှာပါ။သူတို့နဲ့ Friend ဖြစ်အောင်လုပ်၊အဖွဲ့တွေဖွဲ့ပြီးရင် နောက်ပိုင်းမှာဂိမ်းတွေကို အတူတူဆက်ကစားနိုင်ပါတယ်။ဒီဂိမ်းက Crossplay လည်းရတာမလို့ ဆော့နေသူအကုန်လုံးက မိုဘိုင်းဖုန်းနဲ့ဆော့နေကြတာမဟုတ်ပါဘူး။PC,Xbox,PS တို့နဲ့ဆော့နေသူတွေလည်းအများကြီးပါပါတယ်။ဒါကြောင့်လည်း ဂိမ်းထဲမှာလူအရမ်းများနေတာပါ။

Photo via Roblox Company

ရုပ်ထွက်ကတော့ Minecraft ဆန်ဆန်ရုပ်ထွက်ကိုမြင်ရပြီး တချို့နေရာတွေမှာ‌တော့ Lego ရုပ်ထွက်နဲ့လည်း တော်တော်လေးဆင်ပါတယ်။ကိုယ်ကိုင်ဆော့တဲ့ကောင်ကို အဝတ်တွေဆင်ပေးတာတွေ၊လမ်းလျှောက်ပုံ၊ကပုံ၊သွားလာတဲ့ပုံစံတွေပြောင်းပေးတာတွေ၊မျက်နှာအမူအရာ၊မျက်နှာပေါ်က အစိတ်အကပိုင်းတွေ၊ကိုယ်လက်အင်္ဂါတွေ။အသားရောင်တွေ စတာတွေကိုလည်း လိုအပ်သလိုပြုပြင်နိုင်ပါတယ်။

Photo via Roblox Company

ဂိမ်းဖန်တီးတဲ့အပိုင်းမှာတော့ Roblox Studio အကောင့်တစ်ခုလိုအပ်မှာပါ။အဲ့အကောင့်ကလည်း ဂိမ်းထဲမှာအလွယ်တကူဖွင့်လိုက်ယုံပါပဲ။အကောင့်ရပြီးတာနဲ့ မိုဘိုင်းဖုန်းနဲ့ပဲ ဂိမ်းတစ်ခုကို ကိုယ်ကြိုက်သလိုဖန်တီးနိုင်ပါပြီ။ပြီးရင်ကိုယ့်သူငယ်ချင်းတွေနဲ့ဖြစ်စေ၊အသိမိတ်ဆွေတွေနဲ့ဖြစ်စေ ကစားနိုင်ပါတယ်။

Roblox ကိုတော့ Play Store ကနေရော၊App Store ကနေရောအခမဲ့ဒေါင်းလုပ်ရယူဆော့ကစားနိုင်ပါတယ်။ဂိမ်းလေးတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေများတာမလို့ ဆော့ရတာစိတ်ပျော်ရွင်စေမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။