ဒါရိုက်တာရင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Jang Dong Gun ဟာ Son Ye Jin နဲ့ Hyun Bin တို့ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲမှာ အခန်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google
Google

ဒီသတင်းကို insiders သတင်းဌာန မတ်လ ၂၁ ရက်နေ့မှာ ကြေညာပေးခဲ့တာဖြစ်ပါတယ်။ Jang Dong Gun က Hyun Bin ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တာကြောင့် မင်္ဂလာပွဲမှာ သူကိုယ်တိုင် အခန်းအနားမှူးအဖြစ် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

Google
Google

Hyun Bin နဲ့ Jang Dong Gun တို့က အသက် ၁၀ နှစ်ကွာပေမယ့် ၂၀၀၅ ခုနှစ် ကတည်းက ခင်မင်ရင်းနှီးလာတဲ့ သူငယ်ချင်း အရင်းကြီးတွေဖြစ်ကြပါတယ်။ သူတို့နှစ်ဦးစလုံးက တစ်ချိန်တည်းမှာ အနုပညာလောကထဲကို ရောက်လာခဲ့ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။

Google
Google

ဒါ့အပြင် Son Ye Jin နဲ့ Hyun Bin တို့နှစ်ဦးက 'Crash Landing on You' ဇာတ်လမ်းရဲ့ စာရေးဆရာ ကိုလည်း သူတို့ရဲ့ မင်္ဂလာပွဲကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ စာရေးဆရာ Park Ji Eun က ဇာတ်လမ်းတွဲ ရိုက်ပြီးသွားတဲ့အထိ Binjin တို့ ဇနီးမောင်နှံရဲ့ သူငယ်ချင်းကောင်းအဖြစ် ဆက်ပြီးရှိနေတဲ့သူဖြစ်ပါတယ်။

Google
Google

Binjin စုံတွဲက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်မှာ တွဲနေကြတယ်လို့ အတည်ပြုခဲ့ကြပြီး မင်္ဂလာသတင်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကိုတော့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။