ပရဟိတမင်းသမီးလို့လူသိများတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာဆိုရင် သူမဖွင့်လှစ်ထားတဲ့ ရင်သွေးလေးများဂေဟာရဲ့ ပုံရိပ်လေးတွေကို မကြာခဏ ချပြလေ့ရှိတဲ့သူဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က မွေးမိခင်ကိုယ်တိုင် မပြုစု မစောင့်ရှောက်ပေးနိုင်တော့တဲ့ ရင်သွေးလေးတွေကို ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ မိမိရဲ့ ရင်သွေးလေးများ ပမာ ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

Khine Hnin Wai's Facebook

အနယ်နယ်အရပ်ရပ်က အလှူရှင်တွေကြောင့်လည်း ခိုင်နှင်းဝေ ရင်သွေးလေးမျာဂေဟာမှ ကလေးငယ်လေးတွေက အစားအသောက်ဆိုအစားအသောက် ၊ အဝတ်အစားဆို အဝတ်အစား လိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေကြရပါတယ်။ အခုတစ်ခေါက်မှာလည်း မင်းသမီး ခိုင်နှင်းဝေမှ ကလေးငယ်လေးတွေ ပျော်ရွှင်စွာ ကခုန်နေတဲ့ ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အခုလို ဝေမျှပေးလာခဲ့ပါတယ်။

Khine Hnin Wai's Facebook

“က ,ကွက် အစုံ..❤️❤️??”

Khine Hnin Wai's Facebook

ဗီဒီယိုလေးထဲမှာ သားသားမီးမီးလေးတွေအားလုံးက တစ်ယောက်ကို ကကွက် တစ်ကွက်စီနဲ့ ကနေကြတာ တော်တော် ချစ်ဖို့ကောင်းပါတယ်။ တစ်ယောက်ကို တစ်မျိုးစီ ဟုတ်နေကြရော .. တော်လိုက်ကြတာနော်။ အပြစ်ကင်းတဲ့ကလေးငယ်လေးတွေ လွတ်လွတ်လပ်လပ်ကနေကြတဲ့ ပုံရိပ်လေးတွေကို အားလုံးပဲ ကြည့်လို့ရအောင်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။