တောင်ကိုရီးယားမင်းသမီး Hwang Jung Eum ဟာဆိုရင် မကြာသေးမီက ဒုတိယရင်သွေးလေး မွေးဖွားထားတဲ့ သူဖြစ်ပါတယ်။ သားလေးမွေးပြီး ရက်အနည်းငယ်အကြာမှာ Hwang Jung Eum က သူမရဲ့ ရင်သွေးလေးရဲ့ ပုံရိပ်လေးတွေကို အင်စတာဂရမ်စတိုရီပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

Google

Hwang Jung Eum တစ်ယောက် ဓာတ်ပုံလေးတွေကို “ပျော်ရွှင်မှုလေးပွင့်လန်းလာပြီ” ဆိုတဲ့ စာသားလေးနဲ့တင်ပေးထားတာဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ Hwang Jung Eum က သူ့ရဲ့သားငယ်လေးကို ရင်ခွင်ထဲကိုထည့်ပြီး နွေးထွေးကြင်နာတဲ့ အပြုံးလေးနဲ့ ကြည့်နေတဲ့ပုံလေးက ပရိသတ်တွေ အားလုံးရဲ့ ရင်ကို နွေးထွေးသွားစေပါတယ်။

Instagram
Instagram

သားလေးကလည်း မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ တကယ့်ကို လူချောလေးပါ။ မေမေနဲ့သားသားလေးက ရုပ်ချင်းလေးတောင်သွားဆင်နေပါတယ်။တော်တော်ချစ်ဖို့ကောင်းပါတယ်။

Instagram

တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Hwang Jung Eum က ဂေါက်ကစားသမား Lee Young Don နဲ့ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ထပ်တဲ့နှစ်မှာပဲ ပထမ သားဦးလေးကို ဖွေးဖွားခဲ့ပါတယ်။ သားလေး၂ ယောက်မေမေ Hwang Jung Eum ကတော့ အခုအချန်ထိ နုပျိုပြီး ချစ်ဖို့ကောင်းနေတုန်းပါပဲနော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။