အခုဆိုရင် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးဓာတ်အားပျက်တောက်မှုတွေ နေ့စဉ်နှင့်အမျှ ကြုံတွေ့ လာကြရပါတယ်။ လျှပ်စစ်မီးပျက်တောက်မှုနဲ့အတူ တွဲပြီးပါလာတာကတော့ ရေပျက်တောက်မှုပဲဖြစ်ပါတယ်။ ရေအားပျက်တောက်မှုကြောင့် သုံးရေများ ရှားပါးလာပြီး ရပ်ကွက်နေပြည်သူများက ပရဟိတ ရေအလှူပြုပေးတဲ့ သူတွေကို နေ့စဉ်စောင့်မျှော်နေကြရပါတယ်။

Han Tun Zaw 's Facebook
Han Tun Zaw 's Facebook

ပရဟိတရေအလှူပြုပေးတဲ့သူတွေထဲမှာ အဆိုတော် ဟန်ထွန်းဇော်ခေါ်  အစ္စဏီလည်း အပါအဝင်ပဲဖြစ်ပါတယ်။ အဆိုတော် အစ္စဏီက အလှူရှင်များမှတစ်ဆင့် ရေလှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ အကြောင်းကို သူ့ရဲ့ လှူမှု ကွန်ရက်စာမျက်နှာပေါ်ကနေ တစ်ဆင့် အခုလို ကြေညာပေးထားပါတယ်။

Han Tun Zaw 's Facebook
Han Tun Zaw 's Facebook

“ပထမနေ့ ရေအလှူလေးပါ....

လာရောက် လှူဒန်းကြတဲ့ အလှူရှင်များအားလုံးကိုလဲ

ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျား ???”

Han Tun Zaw 's Facebook
Han Tun Zaw 's Facebook

အဆိုတော်အစ္စဏီရေလှူဒါန်းမှုလုပ်ပေးခဲ့တဲ့နေရာကတော့ ရေရှားပါးမှုတွေ ဖြစ်နေတဲ့ မဟာမြိုင် အိမ်ရာမှာပဲဖြစ်ပါတယ်။ နောက်ထပ် ရေလှူဒါန်းမှုတွေ ပြုလုပ်ပေးလိုပါက ရေကားကြီး ဂါလံ ၃၈၀၀ ကို  ၅၀၀၀၀ ကျပ် ၊ ရေကားသေး ဂါလံ ၁၈၀၀ ကို ၃၀၀၀၀ ကျပ်ဖြင့် လှူဒါန်းနိုင်ပါတယ်လို့ အစ္စဏီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောထားပါသေးတယ်။

Han Tun Zaw 's Facebook
Han Tun Zaw 's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။