ညဘက်‌တွေမှာ ကောင်းကောင်းအိပ်စက်ဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြပေမယ့်လည်း အလွန်အကျွံအိပ်စက်ခြင်းနဲ့ပတ်သက်ပြီး စာဖတ်သူတို့ စဉ်းစားမိဖူးပါသလား။ ဒါကြောင့်ပဲ ယခုအခါမှာ သိပ္ပံပညာရှင်တွေဟာ လေ့လာတွေ့ရှိမှုတစ်ခုနဲ့အတူ ပြန်လာပြီဖြစ်ကာ ဒါဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး နောက်ထပ်တွေ့ရှိမှုတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်နဲ့ အံဝင်ခွင်ကျဖြစ်စေရန်အတွက် အရွယ်ရောက်ပြီးသူများ လိုအပ်တဲ့ အကောင်းဆုံးအိပ်ချိန်ပမာဏကို သုတေသနပညာရှင်တွေက လေ့လာခဲ့ပါတယ်။

ဒါကြောင့် NHS မှတရားဝင်လမ်းညွှန်ချက်တွင် လူတစ်ယောက်ဟာ ညတိုင်း ခြောက်နာရီမှ ကိုးနာရီကြား အိပ်စက်ရန် လိုအပ်ကြောင်း အကြံပြုထား‌ပြီး လူတိုင်းလည်း ဒီအချက်ကို လုပ်ဆောင်နိုင်ကြသလို သိရှိကြပြီးသားလည်းဖြစ်ပါတယ်။ ယခုအခါတွင် အရွယ်ရောက်ပြီးသူအချို့ဟာ အလွန်အကျွံအိပ်စက်နိုင်‌ကြောင်း အမေရိကန်အခြေစိုက် သုတေသီများက အခိုင်အမာဆိုကြပါတယ်။ ၄ နာရီခွဲထက်နည်းတဲ့ အိပ်သူများ နှင့် ၆ နာရီခွဲထက် ပိုအိပ်သူများဟာ မှတ်ဉာဏ်ကျဆင်းနိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလူတွေအားလုံးဟာ အိပ်ချိန်နဲ့ပတ်သက်ပြီး ရုန်းကန်နေရတယ်ဆိုတာကိုတော့ သိရှိသင့်ပါတယ်။

သီအိုရီအရ အိပ်စက်မှုအချိန်ပမဏဟာ အိပ်စက်မှုအရည်အသွေး (ကောင်းမွန်းစွာ အိပ်ပျော်ခြင်း သို့မဟုတ် အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း) ကဲ့သို့ အရေးမကြီးပါဘူး။ အိပ်ချိန်ရဲ့သက်ရောက်မှုဟာ အသက်ကြီးခြင်းနှင့် အတူတူပင်ဖြစ်ကာ အယ်လ်ဇိုင်းမားလို ရောဂါများအတွက် အဓိကအချက်ဖြစ်ကြောင်း သုတေသနပညာရှင်တွေဟာ တွေ့ရှိခဲ့ကြပါတယ်။ အဆုံးမှာ ပညာရှင်တွေဟာ ၄နာရီခွဲနဲ့ ၆နာရီခွဲလောက်အိပ်ချိန်ဟာ လုံလောက်တဲ့ အကောင်းဆုံး အိပ်ချိန်ဖြစ်ကြောင်း အကြံပေးခဲ့ကြပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ အိပ်ချိန် ၄နာရီခွဲ သို့မဟုတ် ၆နာရီခွဲလောက်ရှိခြင်းဟာ အကောင်းဆုံးပါပဲ။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။