ဟောလိဝုဒ်မင်းသားကြီး Jim Carrey ဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ ဟောလိဝုဒ် comedian, actor နဲ့ producer တစ်ယောက်ဖြစ်ပါတယ်။ Jim Carrey ကို ကနေဒါနိုင်ငံ Ontario ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Jim Carrey  ရဲ့ ဘဝက လွယ်ကူတဲ့ဘဝကနေ ရောက်ရှိလာခဲ့တာမဟုတ်ပါဘူး။ Jim Carrey ပြောနေကြစကားရှိပါတယ်။ အဲဒါကတော့ မငိုမိအောင် ရယ်မိတာပါတဲ့ .. ဘဝကြီးက ခက်ခဲလွန်းခဲ့တာကြောင့် ကြုံလာတဲ့ အခက်အခဲတွေကို မပြိုလဲအောင် အားတင်းခဲ့တဲ့ Jim Carrey ဟာ ငိုချင်လွန်းတာကြောင့် မျက်ရည်တွေကို ရယ်မောခြင်းနဲ့ ကျော်လွှားခဲ့ရသူဖြစ်ပါတယ်။

Google

Jim Carrey ဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် အသက် ၁၅ နှစ်မှာ ကျောင်းထွက်ခဲ့ရပြီး ညစောင့်အလုပ်ဝင်လုပ်ခဲ့ရ   တဲ့သူ ဖြစ်ပါတယ်။ သူတို့ မိသားစုကလည်း နေအိမ်ကို ဆုံးရှုံးခဲ့ရတဲ့ အထိငွေကြေးမ​ ပြေမလည်ဖြစ်ခဲ့ရတာကြောင့် မော်တော်ယာဉ်ထဲမှာ စုပြီးနေခဲ့ကြရတဲ့အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ ကံအခြေအနေလေး နည်းနည်းပေးလာတာကြောင့် ကျောင်းပြန်တတ်ခွင့်ရရှိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ Jim Carrey တစ်ယောက် ကျောင်းကနေ ပြန်ထွက်ခဲ့ရပြန်ပါတယ်။ မိခင်ဖြစ်သူကလည်း နေမကောင်းမကျန်းမာ ဖြစ်လာတာကြောင့် အချိန်ပြည့်အလုပ်တွေ ရသလိုလုပ်ရင် ဖြတ်သန်းခဲ့ရပါတယ်။

Google

ဆယ်ကျော်သတ်အရွယ်က အရမ်းကို ခက်ခဲဆင်းရဲ ပင်ပန်းခဲ့တဲ့ Jim Carrey ဟာ အခုအချိန်မှာတော့ အခက်အခဲတွေကို ကျော်လွှားပြီး  အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိတဲ့ ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

Google

Jim Carrey ရဲ့ ဘဝအကြောင်းကို သုံးသပ်ရရင် ဘဝဆိုတာ အနိမ့်ကြီးမှာပဲ မနေဘူးဆိုတဲ့ စကားက တော်တော်လေးမှန်တာပဲနော် ။ Jim Carrey ဘဝအကြောင်းကို ဖတ်ပြီး ဘဝမှာလွယ်လွယ်နဲ့ အရှုံးမပေးတတ်ကြစေဖို့ သင်ခန်းစာလေးတွေ ယူပေးကြပါနော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။