တောင်ကိုရီးယားနာမည်ကျော် စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ စုံတွဲလေး မကြာခင် လက်ထပ်ကြတော့မယ်ဆိုတာ အားလုံး သိပြီးကြမှာပါနော်။ မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ဖို့ ပြင်ဆင်ထားကြတဲ့ သူတို့နှစ်ဦးက မင်္ဂလာဆောင်လက်ထပ်ပွဲ ဖိတ်စာတွေ လိုက်ဝေနေပြီလို့ သိရပါတယ်။

Google

Binjin တို့စုံတွဲက မင်္ဂလာပွဲ ဖိတ်စာတွေကို သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီကို အရင်ဆုံး စတင်ဝေပေးနေကြတာဖြစ်ပါတယ်။ မကြာသေးမီကလည်း အင်စတာဂရမ်စာမျက်နှာပေါ်မှာ တောင်ကိုရီးယား နာမည်ကျော် ဘောလုံးသမား Lee Dong Gook ရဲ့ ဇနီးဖြစ်သူက သူ့မခင်ပွန်း Hyun Bin တို့ မင်္ဂလာပွဲ အဖိတ်ခံရတဲ့အကြောင်းကို ဝေမျှပေးလာခဲ့ပါတယ်။ မင်္ဂလာပွဲ ဖိတ်စာလေးနဲ့အတူ Lee Dong Gook ရဲ့ ဇနီးဖြစ်သူက အခုလိုလေး ပြောလာခဲ့ပါတယ်။

Google

“Hyun Bin ဆီက မင်္ဂလာဆောင်ဖိတ်စာလေးပါ။ မနာလိုတောင်ဖြစ်မိတယ်တော် … အဲဒီနေရာက မင်းသားတွေပဲလာကြမယ့် နေရာလေ ..  ကျွန်မရော သွားလို့ရမလားမသိဘူး .... Dong Gook ကတော့ စိတ်ပူနေတယ်တဲ့ .. ရှင်ဘာတွေစိတ်ပူနေတာလဲ Dong Gook  .. ရှင်စိတ်ပူပြီး မသွားရဲရင် ကျွန်မသွားမယ်”

Google

အခုစာသားလေးကို Dong Gook ရဲ့ အမျိုးသမီးက သူမယောကျာ်း ဖိတ်စာလေး ကိုင်ထားတဲ့ပုံလေးနဲ့ အင်စတာဂရမ် စတိုရီလေးမှာ တင်ပေးလာတာဖြစ်ပါတယ်။ စတိုရီလေးတင်ပေးပြီးပြီးချင်းမှာ screenshot လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ Lee Dong Gook ကို Hyun Bin နဲ့ Son Ye Jin တို့ မင်္ဂလာပွဲကို ပထမဦးဆုံး အဖိတ်ခံရတဲ့ သူလို့လည်း အတည်ပြုထားကြပါတယ်။ ဒါကြောင့် ဘောလုံးသမားဟောင်း Dong Gook   ကို လူအများက အားကျနေကြပါတယ်။

Google

Lee Dong Gook က တောင်ကိုရီးယား ဘောလုံးလောကမှာ “Lion King” လို့ လူသိများတဲ့သူတစ်ယောက်ဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။

Google

 အားကစားလောကကနေ အနားယူပြီးတဲ့နောက်မှာ Dong Gook တစ်ယောက် သူ့ရဲ့ ကလေး ၅ ယောက်နဲ့ ‘The Return Of Superman’ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

Google

‘The Return Of Superman’ အစီအစဉ်မှာလည်း Dong Gook တို့ မိသားစုကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။