တောင်ကိုရီးယား မင်းသမီး Hwang Jung Eum ဟာဆိုရင် ဒုတိယရင်သွေးလေးကို ယမန်နေ့ မတ်လ ၁၆ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူမရဲ့ ဒုတိယ ရင်သွေးလေးကလည်း သားလေးပဲဖြစ်ပါတယ်။

Google

Hwang Jung Eum ဒုတိယရင်သွေးလေး မွေးဖွားခဲ့တဲ့အကြောင်းကို မတ်လ ၁၆ ရက်နေ့မှာ အေဂျင်စီဘက်ကနေ အခုလို ကြေညာချက်လေးတစ်ခု ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

Google
Google

ဟယ်လို … ကျွန်တော်တို့က  C-JeS Entertainment ကဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီး Hwang Jung Eum ကတော့ သူ့ရဲ့ ဒုတိယသားလေးကို မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာ မေမေရော ကလေးရော ကျန်းမာကြပါတယ်။ မိသားစုဝင်အသစ်လေး ရရှိပိုင်ဆိုင်သွားတဲ့ တောင်ကိုရီးယားမင်းသမီး Hwang Jung Eum ကို အားပေးကြပါဦးနော်။ Hwang Jung Eum က နောက်ပိုင်း ပရောဂျက်တွေမှာ ကောင်းမွန်တဲ့ အနုပညာ စွမ်းအင်တွေနဲ့ ထပ်ပြီးပြန်လာခဲ့ဦးမှာပါ။

ကျေးဇူးတင်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Hwang Jung Eum က သူမရဲ့ ခင်ပွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဂေါက်ရိုက်ကစားသမားဟောင်း Lee Young Don နဲ့ ၂၀၂၀ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးက စက်တင်ဘာလ ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ပြန်ပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ ဒုတိယ ရင်သွေးလေးကိုပါ အောင်မြင်စွာ မွေးဖွားခဲ့ကြပါပြီ။

Google

Hwang Jung Eum နဲ့ သူမရဲ့ မိသားစုအတွက် ဂုဏ်ယူပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။