ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Song Il-kook မှာ Song Min-gook ၊ Song Dae-han နဲ့ Song Man-se လို့ခေါ်တဲ့ ၃ မွှာပူး သားလေး ၃ယောက်ရှိပါတယ်။

Google

Song Min-gook ၊  Song Dae-han နဲ့ Song Man-se တို့က မျက်နှာဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းပြီး The Return of Superman အစီအစဉ်မှာလည်း ပါခဲ့ဖူးတာကြောင့် ပရိသတ်တိုင်းသိကြတဲ့ အချစ်တော်ကလေးလေးတွေဖြစ်ပါတယ်။

Google
Google
Google

ယမန်နေ့ မတ်လ ၁၆ ရက်နေ့ကတော့ ဂျူမုံရဲ့ သားလေးတွေဖြစ်တဲ့ Song Il-kook မှာ Song Min-gook ၊  Song Dae-han နဲ့ Song Man-se တို့ရဲ့ ၁၀ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ တစ်နေ့တည်း မှာမွေးဖွားခဲ့တဲ့ ၃ မွှာပူး ညီအစ်ကိုလေးတွေ ဖြစ်တာကြောင့် Song Il-kook မှာ Song Min-gook ၊  Song Dae-han နဲ့ Song Man-se တို့က သူတို့ရဲ့ မွေးနေ့ကို အတူတကွကျင်းပခဲ့ကြပါတယ်။

Google
Google
Google

The Return of Superman အစီအစဉ်မှာ ပါခဲ့ကြတုန်းက ကလေးလေးတွေက ငယ်ငယ်လေးတွေပဲရှိကြပေမယ့် အခုအချိန်မှာတော့ အရပ်ရှည်ရှည်လေးတွေနဲ့ ထွားပြီး ချောလာလိုက်ကြတာနော်။

Google
Google

ချစ်စရာကောင်းတဲ့ အမွှာလေးတွေရဲ့ မွေးနေ့ပွဲ ဓာတ်ပုံလေးတွေကို အားလုံးပဲကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။