တောင်ကိုရီးယားမင်းသား Lee Do-hyun ဟာဆိုရင် “2021 Asia Artist Awards” ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်ချိန်ကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ မင်းသား Lee Do-hyun ဟာ A4 စာရွက် အဖြူလေးလိုမျိုး ပုံဖော်ချင်သလို ပုံဖော်နိုင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အနုပညာပါရမီပါပြီး ငယ်စဉ်ကတည်းက အနုပညာအလုပ်လုပ်ဖို့ စိတ်ဝင်စားခဲ့တဲ့ Lee Do-hyun ဟာ တစ်ချိန်တစ်ခါက အောင်မြင်ဖို့အတွက် နည်းလမ်း အမျိုးစုံ သုံးခဲ့ရတဲ့သူဖြစ်ပါတယ်။

Google
Google

Lee Do-hyun က ကောလိပ်တတ်ကတည်းက သရုပ်ဆောင်အလုပ်လုပ်ဖို့ အိမ်မက်မက်ခဲ့တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်ကို ဝါသနာ ပါလွန်းလို့ အထက်တန်းကျောင်း ဒုတိယနှစ်မှာ ဖခင်ဖြစ်သူမသိအောင် သရုက်ဆောင် အကယ်ဒမီကို တတ်ရောက်ခဲ့ပါတယ်။ ကောလိပ်ဒုတိယနှစ်မှာလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာကြောင့် အပြင်လောကမှာ နေရာ တစ်နေရာရအောင်ကြိုးစားခဲ့ပါတယ်။

Google
Google

ဒါ့အပြင် Lee Do-hyun တစ်ယောက် အချိန်ပိုင်း ဆံပင်မော်ဒယ်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ပါသေးတယ်။ အချိန်ပိုင်းမော်ဒယ်တစ်ယောက် အဖြစ်လုပ်ကိုင်ပြီး ရလာတဲ့ ဓာတ်ပုံလေးတွေကို စုစည်းပြီး ပရိုဖိုင်လေးဆောက်ကာ အေဂျင်စီတိုင်းကို လိုက်ပို့ဖူးခဲ့တယ်လို့လည်း Lee Do-hyun က ဆိုပါတယ်။

Google
Google

Lee Do-hyun ဟာ အသက် ၂၇ နှစ်အထိ စစ်မှုထမ်းရသေးတဲ့သူမဟုတ်ပါဘူး။ စစ်မှုမထမ်းရသေးတဲ့ အကြောင်းအရင်းကတော့ စစ်မှုမထမ်းခင်မှာ ပရိသတ်တွေရှေ့ကို အရင်ဆုံးရောက်ချင်တာကြောင့် အခုလို ရွေးချယ်ခဲ့ရတာကြောင်း Lee Do-hyun ကဆိုပါတယ်။ အခြေနေ အချိန်ခါ ရောက်လာတဲ့အချိန်မှာ စစ်မှုထမ်းဆောင်ဖို့ အကောင်းဆုံး တာဝန် ယူသွားမယ်လို့ Lee Do-hyun က ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။