ပုံမှန်ဆော့နေကျ Battle royal ဂိမ်းတွေဆော့ရင်းနဲ့ စက်ရုပ်တွေနဲ့ချရတဲ့ဂိမ်းဆို အရမ်းမိုက်မှာပဲလို့ တွေးဖူးကြပါသလား။စက်ရုပ်တွေနဲ့ချရတဲ့ Battle royal တွေရှိပေမဲ့ အရမ်းကြီးကောင်းမနေပါဘူး။စက်ရုပ်‌နဲ့ရော၊လူနဲ့ရော ကိုယ်ကြိုက်တာနဲ့ချရတဲ့ဂိမ်းဆိုရင်တော့ လုံးဝမိုက်ပြီပေါ့။အဲ့လိုပုံစံနဲ့ဂိမ်းတစ်ခုရှိပါတယ်။Gameplay ကမတူတာကနေစလို့ ရုပ်ထွက်ကပါထူးထူးခြားခြား Outstanding ဖြစ်နေတဲ့ဂိမ်းပါ။Super Mecha Champions ဆိုတဲ့ဂိမ်းဖြစ်ပါတယ်။

Photo via NetEast

ဒီဂိမ်းကတခြားပုံမှန် Battle Royal တွေနဲ့ကွာခြားချက်တွေအများကြီးရှိပါတယ်။ရုပ်ထွက်က Anime စတိုင်အရောင်တောက်တောက်နဲ့ပါ။တော်ရုံတန်ရုံဖုန်းမှာတောင်မှ ရုပ်ထွက်တော်တော်လေးကောင်းပါတယ်။Enviroment ပိုင်းကလည်းတော်တော်လေးမိုက်ပြီး မြေပုံကလည်း Modern ဆန်ဆန်လေးဖြစ်တဲ့အပြင် UI ပိုင်းမှာလည်း Manga ပုံစံလေးတွေပါပါဝင်ပါတယ်။

Photo via NetEast

Gameplay ကတော့ Battle Royal ဆိုတဲ့အတိုင်း မြေပုံအကျယ်ကြီးထဲမှာ ကစားသူပေါင်းအယောက် ၁၀၀ နဲ့ကစားရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့သူက အနိုင်ရရှိမှာပါ။Mode တွေထဲမှာကတော့ Bounty Hunter ဆိုတဲ့ Battle royal mode,တစ်သင်းနဲ့တစ်သင်းအနိုင်ရအောင်တိုက်ခိုက်ရမဲ့ Team Deathmatch,စက်ရုပ်တွေနဲ့ပဲတိုက်ခိုက်ရမဲ့ iron Arena နဲ့အဖွဲ့လိုက်ချရမဲ့ Random Mode တို့ပါဝင်ပါတယ်။Mode တစ်ခုချင်းစီမှာ Rank တစ်ခုစီနဲ့ပါ။Solo ဖြစ်ဖြစ် Squad နဲ့ဖြစ်ဖြစ်ဆော့ကစားနိုင်ပါတယ်။

Photo via NetEast

ဒီဂိမ်းရဲ့တခြားဂိမ်းတွေနဲ့မတူတဲ့ အဓိကအချက်ကတော့ တိုက်ပွဲထဲမှာ စက်ရုပ်တွေကိုပါခေါ်ပြီး တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ခေါ်နိုင်တဲ့စက်ရုပ်တွေကလည်း အများကြီးရှိပါတယ်။ဂိမ်းဇာတ်ကောင် ၁၉ ကောင်ရှိပြီး တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင်စက်ရုပ်တစ်ကောင်စီရှိတာမလို့ စက်ရုပ်လည်း ၁၉ ရုပ်ရှိပါတယ်။ဒါပေမဲ့ စက်ရုပ်ခေါ်တဲ့အချိန်မှာတော့ စက်ရုပ်နဲ့ဇာတ်ကောင်တူစရာမလိုပဲ ကြိုက်တဲ့ကောင်ကိုခေါ်လို့ရပါတယ်။တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်တဲ့ပုံစံတွေ၊Ability တွေမတူတာပါဘူး။ခေါ်ပြီးရင်လည်း ကိုယ်ကလူနဲ့ပဲပြန်ပစ်ချင်ရင် စက်ရုပ်ကိုပြန်သိမ်းထားနိုင်ပြီး ကြိုက်တဲ့အချိန်ပြန်ခေါ်နိုင်ပါတယ်။

Photo via NetEast

Recoil ပိုင်းမှာလည်းမဆိုးဘူးလို့ပြောနိုင်တဲ့ဂိမ်းပါ။တခြားဂိမ်းတွေလို Real life သေနတ်တွေကိုတော့မြင်ရမှာမဟုတ်ပဲ Modern ဆန်ဆန်သေနတ်တွေမြင်ရမှာဖြစ်ပါတယ်။သွားရင်းလာရင်းစီးလို့ရတဲ့ယာဥ်တွေထဲမှာဆို ကားတွေဘာတွေမဟုတ်ပဲ စက်ရုပ်ကြီးတွေကို စီးသွားနိုင်မဲ့အပြင် အဲ့စက်ရုပ်ပေါ်မှာပဲ သေနတ်လည်းပါပြီး ကားအဖြစ်ပါအသွင်ပြောင်းပြီးမောင်းနိုင်ပါသေးတယ်။

Photo via NetEast

Android ပေါ်မှာရော iOS ပေါ်မှာရော အခမဲ့ဒေါင်းလုပ်ရယူနိုင်ပြီး Storage size ကတော့ 3.7GB လောက်ရှိပါတယ်။ဖိုင်ဆိုဒ်နည်းနည်းကြီးပေမဲ့ ဂိမ်းသိပ်ဆော့လို့မကောင်းတဲ့ ဖုန်းပေါ်မှာတောင် ဟန်းတာတွေဘာတွေမရှိပဲ တော်တော်လေး Smooth ဖြစ်ပါတယ်။ကိုယ်က Battle royal တွေမျိုးစုံအောင်လည်းဆော့ဖူးလို့ Battle royale experience အသစ်လေးတွေကို ခံစားချင်တယ်ဆိုရင် ဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။