တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye Jin တို့ နာမည်ကြီးချစ်သူနှစ်ဦးဟာ မင်္ဂလာဆောင်ရမယ့်နေ့ ကပ်နေပြီဖြစ်ပေမယ့် သူတို့ရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး ဘာမှထုတ်ပြန်ထားခြင်းမရှိပါဘူး။

Google

Edaily ရဲ့ သီးသန့်ထုတ်ကြားချက်အရ Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးဟာ သူတို့ရဲ့ မင်္ဂလာပွဲကို မတ်လ ၃၁ ရက်နေ့မှာ Sheraton Grand Walker Hill ဟိုတယ်ရဲ့ Aston House မှာကျင်းပဖို့ လုပ်ထားတယ်လို့ သိရပါတယ် ။ မတ်လလယ် ကိုရောက်နေပြီဖြစ်တာကြောင့် မင်္ဂလာ အချိန်ကပ်နေပြီဖြစ်ပေမယ့်လည်း အခုအချိန်အထိ ဘာသတင်းမှ ထပ်မံ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘူးလို့ိသိရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ သိချင်စိတ်က ပိုပြီး ပြင်းထန်နေပါတယ်။

Google

Hyun Bin နဲ့ Son Ye Jin တို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာ မင်္ဂလာပွဲကျင်းပမယ့်နေ့ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ယုံကြည်ရတဲ့ သတင်းဌာနတွေက မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

Google

မင်္ဂလာပွဲကျင်းပမယ့်နေရာရယ် လိပ်စာရယ်က အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် မင်္ဂလာစုံတွဲနှစ်ယောက်ကတော့ သူတို့ရဲ့ ပရိုမိုးရှင်းတွေနဲ့ ရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

Google

Hyun Bin က The Point Men နဲ့ Confidential Assignment 2 ဆိုတဲ့ဇာတ်ကားကို အပြီးသတ်ရိုက်ကူးနေပြီး Harbin ဆိုတဲ့ ဇာတ်လမ်းကိုလည်း ရိုက်ကူးဖို့ရှိနေပါတယ်။ Son Ye Jin ကလည်း Thirty-Nine ဆိုတဲ့ ဇာတ်လမ်းကို မကြာသေးမီအချိန်က အပြီးသတ်ရိုက်ကူးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။