တောင်ကိုရီယားမင်းသမီး Park Shin-hye နဲ့ Choi Tae Jun တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်က  လက်ထပ်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အခုအချိန်မှာ ပျော်ရွှင်စရာ မိသားစုလေးနဲ့ တစ်အိုး တစ်အိမ် ထူထောင်ပြီးနေနေကြပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာသူတို့နှစ်ဦး တွဲရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလေ့မရှိပေမယ့် နေ့စဉ်နေ့တိုင်း လှုပ်ရှားမှု ပုံရိပ်လေးတွေကို ချပြလေ့ရှိပါတယ်။

Google

ဒီတစ်ခေါက်မှာလည်း Park Shin-hye က သူတို့ဇနီးမောင်နှံရဲ့ချက်ပြုတ်စားသောက်နေတဲ့ပုံလေးကို အင်စတာဂရမ် စတိုရီကနေ ဝေမျှပေးလိုက်ပါတယ်။

Instagram

အင်စတာဂရမ် စတိုရီထဲမှာ Park Shin-hye က ကင်ချီပန်ကန်လေးလုပ်နေတဲ့ ပုံလေးကို “မိုးရွာတဲ့နေ့မှာလုပ်စားဖြစ်တဲ့ .. ကင်ချီပန်ကိတ်လေး” ဆိုတဲ့ ခေါင်စဉ်လေးနဲ့ တင်ထားပါတယ်။

Google
Google

ဓာတ်ပုံလေးထဲမှာ ပင်လယ်စာလေးတွေရယ် ကင်ချီလေးရယ် ပါနေပြီး ပုံလေးက အရောင်ရဲရဲလေးနဲ့ အရမ်းကို စားချင်စရာ ကောင်းနေပါတယ်။

Google

Park Shin-hye က လက်ရှိမှာ တောင်ကိုရီးယားမင်းသား Choi Tae-joon နဲ့လက်ထပ်ထားပြီး ရင်သွေးလေး လွယ်ထားရပါတယ်။

Google

Park Shin Hye က မကြာသေးမီကလည်း Uljin က တောမီးအတွက် အိမ်နီးနားချင်းတွေကို တောင်ကိုရီးယားဝမ် သန်း ၅၀ လှူဒါန်းပေးထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။