ထိုင်းလူမျိုးတွေရဲ့ ဈာပနာပွဲ အခန်းအနားမှာ ကြွရောက်လာကြတဲ့ ဧည့်သည်တော်တွေတော်တော်များများက အဖြူရောင်တွေ ဝတ်ဆင်ကြတာကို တွေ့ရမှာပါ။ မကြာသေးမီက ကျင်းပ ပြုလုပ်သွားတဲ့ တန်မိုရဲ့ ဈာပန အခန်းမအနားမှာလည်း ထိုင်း ကြွရောက်လာကြတဲ့ ဧည့်သည်တွေ အဖြူရောင်ဝတ်စုံတွေကို ဝတ်ဆင်လာကြပါတယ်။

Google
Google
Google

ထိုင်းလူမျိုးတွေ အဖြူရောင်ဝတ်ဆင်လာကြတဲ့ အကြောင်းအရင်းက အဖြူရောင်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝမ်းနည်းပူဆွေးခြင်းလို့ အဓိပ္ပါယ်ရတဲ့ အဖြူရောင်ကို ဈာပန အခန်းအနားတွေ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဝတ်လေ့ဝတ်ထရှိပါတယ်။ ဝမ်းနည်းပူဆွေးခြင်း ၊ သေဆုံးခြင်းလို့ အဓိပ္ပါယ်ရတဲ့ နောက်ထပ် အရောင်တစ်မျိုးက အနက်ရောင်ဖြစ်ပါတယ်။ အနက်ရောင်ကိုတော့ အာရှနိုင်ငံတွေထက် အနောက်အမေရိကလိုမျိုး နိုင်ငံတွေမှာ ပိုပြီး ဝတ်ကြပါတယ်။ အနက်ရောင်ချည်းပဲဝတ်ကြတာထက် အနက်ရောင်နဲ့ အဖြူရောင် စပ်ကြား ပုံစံမျိုးကို ပိုပြီး ဝတ်ကြပါတယ်။

Google
Google

ဈာပန အခန်းအနားတွေမှာ လှပတဲ့အရောင် အနီရောင်လိုမျိုး အရောင်တောက်တောက်တွေ ဝတ်တာကို ရှောင်ကြပါတယ်။ ဒါကြောင့် တန်မိုရဲ့ ဈာပနပွဲမှာ အခန်းအနားကို တတ်ရောက်လာကြတဲ့သူတွေအားလုံး အဖြူရောင်ဝတ်စုံလေးတွေ  အရောင်နုလေးတွေ ဝတ်လာကြတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။