နာမည်ကြီး တောင်ကိုရီယားယောကျာ်းလေးများ အဆိုတော် အဖွဲ့ Bigbang ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ T.O.P ဟာဆိုရင် အဖွဲ့ထဲကနေ အချိန်ခဏတာ အနားယူတော့မယ့်အကြောင့်ကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အခုလို ခဏ အနားယူရတဲ့ အကြောင်းအရင်းက အခြားသူတစ်ဦးတစ်ယောက်ရဲ့ ပရောဂ မပါဘဲ သူကိုယ်တိုင် စိတ်အခြေအနေကို အနားယူချင်တာကြောင့်လို့ T.O.P ကဆိုပါတယ်။
အဖွဲ့ထဲကနေ ခဏအနားယူရတဲ့အကြောင်းအရင်းကို အင်တာဗျူးထဲမှာ T.O.P က အခုလို ပြောလာခဲ့ပါတယ်။
“ဟိုး အစကတည်းက ကျွန်တော် အမြဲပြောဖူးပါတယ်။ ကျွန်တော်က Bigbang အဖွဲ့က T.O.P ဖြစ်ရတာ အမြဲဂုဏ်ယူပါတယ်လို့လေ .. ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ကျွန်တော် Bigbang ရဲ့ T.O.P အဖြစ်ကနေ ခဏ အနားယူရမယ်လို့ တွေးခဲ့မိပြီးသားပါ .. Bigbang က နာမည်ကြီး အိုင်ဒေါလ်အဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အရမ်းအိုနေပြီ .. အခြားအဖွဲ့ဝင်တွေလည်း အိုနေပြီလေ .. ကျွန်တော့်ပရိတ်သတ်တွေကို ရိုးသားစွာပြောရရင် ကျွန်တော် အဆုံးသတ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါတယ်။ ကျွန်တော် T.O.P အဖြစ် Bigbang အဖွဲ့ မှာ ရှိနေခဲ့တာလည်း အချိန်တော်တော်ကြာပါပြီ။ အချိန်ကာလ ၅ နှစ်ကြာ အနားယူခဲ့ပြီးနောက်မှာ ကျွန်တော့်တို့ သီချင်းတွေနဲ့ လှုပ်ရှားမှု ပုံစံတွေက တော်တော်လေး ကွဲပြားသွားပါပြီ ။ အခု Bigbang ရဲ့ သီချင်းနဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် သီချင်းတွေတောင် တော်တော်ကွာခြားသွားပါပြီ ။ ကျွန်တော်အခုရောက်ရှိနေတဲ့ အသက်အရွယ်က စိန်ခေါ်မှု အသစ်တွေနဲ့ နိုးထရမယ့် အချိန်ကို ရောက်နေပြီလေ။ ကျွန်တော့်အတွေးကိုပြောရမယ်ဆိုရင်အနာဂတ်မှာ Bigbang အဖွဲ့ ပြန်စုစည်းချင်ပါတယ်။ ကျွန်တော်က Bigbang ကိုရော ကျွန်တော့် အဖွဲ့ဝင်တွေကိုပါချစ်တယ်။”
ဒါ့အပြင် T.O.P က အခုထွက်ရှိလာမယ့် Bigbang အဖွဲ့ရဲ့ comeback သီချင်းမှာ ပရိသတ်တွေကိုပေးချင်တဲ့ message လေးတစ်ခုပါဝင်လာမှာဖြစ်ပြီး သူဘာလို့ Bigbang အဖွဲ့ကနေ ခဏတာ အနားယူရတာလဲဆိုတဲ့ အကြောင်းကိုပါ ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း T.O.P က သူ့ရဲ့ အချိန်အကြာပြီး လက်တွဲလာတဲ့ YG အင်တာတိန်းမန့်နဲ့ လက်တွဲဖြုတ်တော့မယ့်အကြောင်းပြောထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူချစ်ရတဲ့ အဖွဲ့ဝင်တွေနဲ့ အတူတူ ဖန်တီးထားတဲ့ သီချင်းအသစ်လေးကိုတော့ မကြာခင် ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့ T.O.P က ဆိုပါတယ်။
သတင်းအရင်းမြစ်: SBS
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။