တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် သူမ အင်စတာဂရမ်စာမျက်နှာ နောက်ဆုံး တင်လိုက်တဲ့ မင်္ဂလာဓာတ်ပုံ အဖြူရောင်လေးကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဒီဓာတ်ပုံလေးက မတ်လ ၁၁ ရက်နေ့မှာ ပြည်တွင်းမင်္ဂလာဝတ်စုံအမှတ်တံဆိပ်တစ်ခုရဲ့ မော်ဒယ်အဖြစ်ရိုက်ကူး ပေးထားတာဖြစ်ပါတယ်။ Soe Ye Jin က သတို့သမီးပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။
Son Ye Jin ကမကြာခင်မှာလည်း လက်ထပ်တော့မယ့်သူဖြစ်တာကြောင့် ဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်မှုရှိနေပြီး Son Ye Jin သာ မင်္ဂဆောင်ရင် ဒီလိုလေး ဖြစ်နေမှာပဲဆိုပြီး တွေးထားကြပါတယ်။
ဓာတ်ပုံလေးထဲမှာ Son Ye Jin က သတို့သမီးဝတ်စုံအဖြူရောင်လေးကိုဝတ်ဆင်ထားပြီး ဆံပင်လေးကိုလည်း သပ်သပ်ရပ်ရပ်လေးလုပ်ထားပါတယ်။ Son Ye Jin ဝတ်ဆင်ထားတဲ့ သတို့သမီးဝတ်စုံလေးက ၂၀၂၂ ခုနှစ်ရဲ့ နွေဦး သတို့သမီးဝတ်စုံ ဒီဇိုင်းလေးဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲနေ့မှာလည်း ဒီလို နွေဦးသတို့သမီး ဝတ်စုံလေး ဝတ်ဆင်မလားဆိုပြီး ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။
တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး Son Ye Jin နဲ့ Hyun Bin တို့ဟာ 'Negotiation’ ဇာတ်လမ်း ရိုက်ကူး အပြီးမှာ 'Crash Landing on You' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ရဲ့ မင်္ဂလာပွဲသတင်းကို ၂၀၂၁ ခုနှစ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂ နှစ်ကြာတွဲပြီးတဲ့နောက်မှာ လက်ထပ်ဖို့ ကြေညာခဲ့ဖြစ်ပြီး အခု မတ်လထဲမှာပဲ လက်ထပ်ကြတော့မယ်လို့ သတင်းတွေထွက်ရှိထားတာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။