အခုနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့သူကတော့ စင်ကာပူနိုင်ငံသား မော်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Chuando Tan ပဲဖြစ်ပါတယ် ။ Chuando Tan က မတ်လ ၃ ရက်နေ့ ၁၉၆၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့ အသက်က ၅၆ နှစ်အရွယ်ရှိနေပါပြီ။

Instagram

အသက် ၅၆ ကျော်နေပေမယ့်လည်း အရွယ်နဲ့ မလိုက်အောင် နုဖက်လွန်းတဲ့ Chuando Tan ရဲ့ ပုံရိပ်ကြောင့် လူတော်တော်များများက အံ့သြနေကြပါတယ်။ Chuando Tan က ဖက်ရှင်မော်ဒယ်လောကမှာ နာမည်ကြီးတဲ့သူဖြစ်ပြီး အင်တာနေရှင်နယ် မော်ဒယ် အေဂျင်စီကြီးတစ်ခုလည်း ထောင်ထားတဲ့သူဖြစ်ပါတယ်။ အထူခြားဆုံးအချက်က Chuando Tan က အခုထိ လက်မထပ်ရသေးတဲ့ single တစ်ယောက်ဖြစ်ပါတယ်။ အနေအထိုင် သပ်ရပ်ပြီး ရုပ်ရည်က နုလွန်းတဲ့အပြင် ခန္ဓာကိုယ်ကပါ ပြည့်စုံလွန်းနေတဲ့ Chuando Tan ဟာ အင်စတာဂရမ်မှာလည်း ဖော်လိုဝါ ၁.၁ မီလီယံအထိတောင်ရှိပါတယ်။

Instagram

Chuando Tan က သူအခုလို နုပျိုပြီး ငယ်ရွယ်တဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားရတာနဲ့ပတ်သတ်ပြီး နောက်ကွယ်က အကြောင်း အရင်းကို ပြောပြထားဘူးပါတယ်။ အဲဒါကတော့ Chuando Tan က ကျန်းမာရေးလိုက်စားတဲ့သူဖြစ်ပြီး မနက်စာအနေနဲ့ ကြက်ဥ ၆ လုံးစားတယ်လို့ သိရပါတယ်။ ကြက်ဥမှာ ၆ လုံးမှာ ၂ လုံးကိုပဲ အနှစ်နဲ့စားပြီး ကျန်တာ အကုန် အကာနဲ့စားတယ်လို့ သိရပါတယ်။

Instagram
Instagram

လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်လေ့ရှိတဲ့သူဖြစ်ပြီး တစ်နေ့မှာ မိနစ် ၉၀ ၃ ကြိမ် အထိ လုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိပ်ရေးပျက်မခံဘဲ စောစောအိပ်ရာဝင်လေ့ရှိပြီး မျက်နှာက sensitive skin ရှိတာကြောင့် skin care တော့ သိပ်မလုပ်ဖြစ်ဘူးလို့ သိရပါတယ်။ နောက်တစ်ခုက ဆေးလိပ်နဲ့ အရက်ကို လုံးဝ မသောက်ဖြစ်အောင် ရှောင်ကျဉ်တယ်လို့ သိရပါတယ်။

Instagram
Instagram

ကျန်းမာရေး အရမ်းလိုက်စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် Chuando Tan အခုလို ငယ်ရွယ်နုပျိုတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တချို့တွေကတော့ ဘယ်လောက်ပဲနုနု အခုလိုမျိုး လူငယ်ပုံစံလေးပေါက်နေတာကတော့ အသက် ၅၆ ဆိုတာ လုံးဝ မယုံနိုင်စရာလို့ ဆိုကြပါတယ်။

Instagram

ဒီထူးခြားဖြစ်ရပ်က Chuando Tan ရဲ့ ရှေးဘဝက ကုသိုလ်ကံကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အသက် ၅၆ နှစ်အရွယ်ကတော့ တကယ်အမှန်ပဲဖြစ်ပါတယ်။

Instagram

အသက် ၅၆ နှစ်အရွယ် ငယ်ရွယ်နုပျိုနေဆဲ Chuando Tan ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ရပါတယ်။

Source – Wiki.sg

Image - Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။