တောင်ကိုရီးယားမင်းသမီး Han Ga In ဟာဆိုရင် သူမဘာလို့ အသက် ၂၄ နှစ်အရွယ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ ဆိုတဲ့အကြောင်းကို ဝေမျှပေးလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို Han Ga In က SBS အင်တာတိန်းမိန့်ရဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Circle House” မှာ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

Google

Han Ga In ဟာဆိုရင် အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ကို စတင်ရောက်ရှိလာချိန် အောင်မြင်ခါစ အရွယ် အသက် ၂၄ နှစ်မှာ လက်ထပ်ခဲ့တဲ့ ရှားရှားပါးပါး မင်းသမီးဖြစ်ပါတယ်။ အဲဒီအချိန်က Han Ga In ကိုယ်တိုင်လည်း အနုပညာ လမ်းကြောင်းထက်က ပြိုင်ဆိုင်မှု ပြင်းထန်ကြောင်း တွေးခဲ့တယ်လို့ သိရပါတယ်။

Google

ဘဝလမ်းကြောင်းကို ပြိုင်ပွဲတစ်ခုလို ခံစားခဲ့ရတဲ့ Han Ga In ဟာ သူမ ကျရှုံးသွားတဲ့ ပုံရိပ်ကို ဘယ်သူ့ကိုမျှ မမြင်ချင်ခဲ့ဘူးလို့ သိရပါတယ်။ Han Ga In  အတွက် ဖိစီးမှုတွေနဲ့ နေသားကျဖို့ အရမ်းကို ခက်ခဲခဲ့တဲ့အချိန်လည်းဖြစ်တာကြောင့် စောစော လက်ထပ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကကြီးကနေ ထွက်လာခဲ့တယ်လို့ သိရပါတယ်။

Google
Google

Han Ga In ဟာ အသက် ၂၄ နှစ်အရွယ် ၂၀၁၅ ခုနှစ်မှာ သူမရဲ့ ခင်ပွန်းဖြစ်သူ တောင်ကိုရီးယားမင်းသား Yeon Jung Hoon နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Yeon Jung Hoon ရဲ့ အသက်ကလည်း ၂၈ နှစ်ဖြစ်ပါတယ်။ နှစ်ဦးစလုံးက အနုပညာလက်ကြောင်းပေါ် စတတ်ချိန်မှာ လက်ထပ်ခဲ့တာကြောင့် သူတို့ နှစ်ဦး လက်ထပ်တဲ့ သတင်းက လူတိုင်းကို အံ့သြသွားစေပါတယ်။

Google
Google

သူတို့နှစ်ဦး လက်ထပ်ပြီး ၁၁ နှစ်ကြာတဲ့အချိန်မှာ ပထမဦးဆုံး သမီးလေးကို ဖွားမြင်ခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်မှာ ဒုတိယ သားလေးကို ရရှိပိုင်ဆိုင်ခဲ့ပြီး အခုအချိန်မှာတော့ သာယာလှပတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

Google

အခက်အခဲတွေ အရမ်းများနေတဲ့ ငယ်ရွယ်ချိန်မှာ လက်ထပ်ပြီး စိတ်ထွက်ပေါက်ရှာခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Han Ga In ရဲ့ အကြောင်းလေးကို စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ရပါတယ်။

သတင်းအရင်းမြစ်: Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။