ဂိမ်းတွေဆော့ကြတဲ့အခါ ရုပ်ထွက်ပိုင်းကို ဦးစားပေးကြသူတွေရှိသလို Gameplay ပိုင်းကိုဦးစားပေးကြသူတွေ‌လည်းရှိကြပါတယ်။ဂိမ်းတွေကလည်း လုံးဝပြည့်စုံနေတာကြီးတော့မဖြစ်နိုင်ပဲ တ‌စ်နေရာမှာအရမ်းကောင်းနေရင် နောက်တစ်နေရာမှာနည်းနည်းချာသွားတတ်ပါတယ်။ဒါပေမဲ့ရုပ်ထွက်ရော၊Gameplay ရောပြည့်စုံနေတဲ့ဂိမ်းတွေကလုံးဝမရှိတာမဟုတ်ပါဘူး။အဲ့ထဲကမှ Inked လို့အမည်ရတဲ့ Puzzle ဂိမ်းလေးတစ်ခုကလည်း တခြားဂိမ်းတွေနဲ့မတူပဲ Outstanding ဖြစ်တယ်လို့ပြောလို့ရပါတယ်။

Photo via Nuverse

ဒီဂိမ်းကိုတော့ Developer Nuverse ကထုတ်လုပ်ပေးထားတာပါ။အမျိုးအစားက Puzzle ဂိမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ တိုက်ပွဲကပြန်လာတဲ့ သူရဲကောင်းတစ်ယောက်ဟာ ချစ်သူနဲ့အတူအနားယူဖို့ပြင်ဆင်နေချိန် သူတို့ကမ္ဘာထဲက ငှက်လေးတွေပေါ် ကျရောက်နေတဲ့အန္တရာယ်တစ်ခုကို ရင်ဆိုင်ဖြေရှင်းပေးတာဖြစ်ပါတယ်။သူ့ချစ်သူ‌ကငှက်လေးတွေကို အရမ်းကြင်နာတတ်သူပါ။ ဒါတွေတင်မကသေးပဲ သူရင်ဆိုင်ရတဲ့ပြဿနာတွေထဲမှာ ဂိမ်းဖန်တီးသူကပါ ပါပါသေးတယ်။

Photo via Nuverse

ဒီဂိမ်းထဲမှာ ဂိမ်းဇာတ်ကောင်ရဲ့ဇာတ်လမ်းနဲ့ ဂိမ်းဖန်တီးသူရဲ့ ခံစားချက်တွေနဲ့ဇာတ်လမ်းဆိုပြီး ဇာတ်လမ်းနှစ်ခုပါပါတယ်။ဂိမ်းထဲက Environment အသံတွေအပြင်ဂိမ်းဖန်တီးသူက ဇာတ်လမ်းကိုပြောပြတာတွေကိုပါတွေ့ရမှာပါ။ ဂိမ်းဖန်တီးသူရဲ့ဇာတ်လမ်းကို ဆော့နေရင်းကြားထဲမှာ သူ့ရဲ့မှတ်ဉာဏ်တွေအနေနဲ့ပြသထားပါတယ်။သူပြထားတာကလည်း ဂိမ်းနဲ့သက်ဆိုင်နေပါတယ်။ထူးထူးခြားခြား ဂိမ်းဇာတ်ကောင်နဲ့ဂိမ်းဖန်တီးသူတို့ ပြဿနာတက်ကြတာကိုပါမြင်ရပြီး ဂိမ်းဇာတ်ကောင်က ဆော့နေသူကို လှမ်းအကူအညီတောင်းတဲ့ Fouth World Breaking တွေပါပါပါသေးတယ်။

Photo via Nuverse

ရုပ်ထွက်ပိုင်းကတော့ ဒီဂိမ်းရဲ့အသက်ပါပဲ။အပြာရောင်ဘောပင်မှင်နဲ့ပဲ ဂိမ်းတစ်ခုလုံးကို ခြယ်သထားတာကိုမြင်ရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားအရောင်တွေပါမြင်ရမှာပါ။ဒါပေမဲ့ဘောပင်နဲ့ဆွဲထားတဲ့ပုံစံနဲ့ပါပဲ။ဂိမ်းနာမည်ကိုက ရုပ်ထွက်ကိုဦးစားပေးထားတယ်ဆိုတာ သိသာပါတယ်။တစ်လောကလုံးမှာ တစ်မျိုးတည်းရှိနိုင်တဲ့ဂိမ်းလို့တောင်ပြောလို့ရပါတယ်။ Chapter တွေလည်းတော်တော်လေးများတယ်လို့ပြောနိုင်တဲ့ ဂိမ်း‌တစ်ခုဖြစ်တာကြောင့် အချိန်ရရင်စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။