မြန်မာလူမျိုး နိုင်ငံတကာမော်ဒယ် သက်သက်သင်း Beauty ဟာဆိုရင် ကမ္ဘာအဆင့်မီ ပရော်ဖက်ရှင်နယ် မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ သက်သက်သင်း Beauty ဟာဆိုရင် ထူခြားပြောင်မြောက်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ စွဲမတ်စရာမျက်နှာအလှလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သက်သက်သင်းဟာ Asia Next Top Model ပြိုင်ပွဲမှာ Top 4 အထိရောက်ရှိခဲ့တဲ့သူဖြစ်ပြီး အရည်အချင်းပြည့်ဝလွန်းတဲ့ မြန်မာမော်ဒယ်လေးဖြစ်ပါတယ်။

Thet Thet Thin's Facebook
Thet Thet Thin's Facebook

ကမ္ဘာ့အလည်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သက်သင်သင်း Beauty ဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေရှေ့ အမြဲချပြလေ့ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သက်သက်သင်း Beauty က ကမ္ဘာကျော် တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဝင်ဖြစ်တဲ့ Jennie နဲ့ အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day လေးပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

Thet Thet Thin's Facebook

ဓာတ်ပုံလေးထဲမှာ သက်သက်သင်းက Jennie နဲ့ အရမ်းရင်းနှီးနေတဲ့သူတစ်ယောက်လိုမျိုး အနီးကပ် ရှိနေတာပါ။ အဝေးကမြင်ရဖို့တောင် မလွယ်ကူတဲ့ Jennie နဲ့ အခုလို တရင်းတနှီး ဓာတ်ပုံတွဲရိုက်ခွင့်ရခဲ့တဲ့အတွက် ပရိသတ်တွေက မြန်မာမော်ဒယ်လေး သက်သက်သင်း အတွက် အရမ်းကို ဂုဏ်ယူ အားကျနေကြပါတယ်။

Google

အလှမယ်လေးသက်သက်သင်း Black Pink အဖွဲ့ဝင် Jennie နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ရပါတယ်။

Thet Thet Thin's Facebook

ကောင်မလေးရဲ့ အောင်မြင်မှုကတော့ အတိုင်းအဆမဲ့ပါပဲနော်။ သက်သက်သင်း Beauty တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိလာဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။