ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် ရင်သွေးလေးများဂေဟာနဲ့ မသန်စွမ်းပြည်သူများကို ခြေတုတပ်ဆင်ပေးခြင်း ဆောင်ရွက်မှုလေးတွေ အမြဲပြုလုပ်ပေးနေတဲ့သူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရိုက်ကူးရေးအလုပ်တွေကြောင့် မင်းသမီး ခိုင်နှင်းဝေတစ်ယောက် ဂေဟာမသွားနိုင်ဘူးလို့ သိရပါတယ်။

Khine Hnin Wai's Facebook

အလုပ်များလွန်းလို့ ဂေဟာကို မရောက်နိုင်ပေမယ့်လည်း ခိုင်နှင်းဝေက ဂေဟာရဲ့ လုပ်ငန်းဆောင်တာတွေကို အမြဲစောင့်ကြည့်ပြီး အမောဖြေနေရတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ပြောလာခဲ့ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

“အလုပ်တွေများလို့ ဂေဟာမသွားဖြစ်တဲ့ နေ့မှာ တနေ့တာ လုပ်ငန်းစဉ်ပုံလေးတွေ ကြည့်ပြီး အမောတွေ ပြေရပါတယ်ရှင်..”

Khine Hnin Wai's Facebook

ပရဟိတမင်းသမီး ခိုင်နှင်းဝေက ဂေဟာမသွားနိုင်ပေမယ့်လည်း ဂေဟာရဲ့ အခြေအနေလေးတွေကို အမြဲစောင့်ကြည့်ပေးပြီး ဂရုစိုက်ပေးနေတာကြောင့် ဂေဟာလုပ်ငန်းစဉ်တွေကလည်း အမြဲပုံစံ အစီအစဉ်တကျလေး လည်ပတ်နေပါတယ်။ ဘယ်အလုပ်မဆို အာရုံတစိုက်ပြုလုပ်ပေးတတ်ပြီး အမြဲတမ်းစိတ်ဝင်တစားရှိတတ်တဲ့ မင်းသမီးခိုင်နှင်းဝေရဲ့ အကြောင်းလေးကို အားလုံးပဲ သိစေရန် ဝေမျှပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။