တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကို ဟာဆိုရင် ရိုးရှင်းလှပပြီး ကျက်သရေရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ အသက် ၄၀ ကျော်သည့်တိုင် အရွယ်တင်နုပျိုပြီး ကျက်သရေရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မမ ဆောင်းဟေကို ဟာ သူမရဲ့ ယုံကြည်မှုရှိရှိလှပတဲ့ ပုံရိပ်လေးကိုလည်း ပရိသတ်တွေဆီကို အမြဲဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း မမ ဆောင်းဟေကိုတစ်ယောက် အနက်ရောင်ဂါဝန်နဲ့ လှပနေတဲ့ပုံလေးတွေကို အင်စတာဂရမ် စာမျက်နှာပေါ်ကနေတစ်ဆင့် ဝေမျှပေးလာခဲ့ပါတယ်။

Instagram

ဓာတ်ပုံထဲမှာဆိုရင် မမ ဆောင်းဟေကို က အနက်ရောင်ဂါဝန်လေးနဲ့ ဘုရင်မတစ်ပါးလို့ ကျက်သရေရှိရှိလှနေတာပါ။ သူမရဲ့ ကျက်သရေရှိမှုက ညို့ဓာတ်ပြင်းတဲ့ ဆွဲဆောင်မှုနဲ့ လိုက်ဖက်မှုရှိနေတာကြောင့် သူမရဲ့ အလှတရားက ပိုပြီးပေါ်လွင်နေပါတယ်။

Instagram

ပုံထဲမှာ မမ ဆောင်းဟေကို ရဲ့ ရိုးရှင်းတဲ့ အလှတရားနဲ့ ဘုရင်မနဲ့တူတဲ့ ဝတ်စုံလေးက ပရိသတ်တွေအများကြီးရဲ့စိတ်ကို စွဲဆောင်နေပါတယ်။ ခေါင်းမှာလည်း သရဖူလေး ဆောင်းထားတာကြောင့် မမ ဆောင်းဟေကို ရဲ့ အလှတရားက ပိုပြီးတော့ ပြည့်စုံနေပါတယ်။ မမ ဆောင်းဟေကို ရဲ့ လှပပြီး ကျက်သရေ ရှိလှတဲ့ပုံရိပ်လေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Google

မမဆောင်းဟေကိုက မကြာသေးမီကလည်း တောမီးလောင်မှုအတွက် အမေရိကန်ဒေါ်လာ ၈ သောင်း ၁ ထောင်ကျော်ကို လှူဒါန်းခဲ့ပါသေးတယ်။

သတင်းအရင်းမြစ်: Allkop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။