တောင်ကိုရီးယားမင်းသမီး Go Min Si ဟာဆိုရင် သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးရရှိဖို့ လက်ရှိလုပ်ဖြစ်နေတဲ့ အလေ့အကျင့်လေးတစ်ခုအကြောင်းကို သူမရဲ့ လူမှုကွန်ရက်အင်စတာဂရမ် စာမျက်နှာကနေ ဝေမျှပေးလိုက်ပါတယ်။

Instagram

ဒီအကြောင်းအရာလေးကို Go Min Si က ဘာစာသားမှ မရေးဘဲ ပုံလေးတွေချည်းတင်ပေးပြီး သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေ ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ Go Min Si က ဘဲလေးအက စတူဒီယိုက ကြမ်းပြင်မှာထိုင်ပြီး အကြောလျော့လေ့ကျင့်ခန်းလုပ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကို သူမ ဘဲလေးအကကဖြစ်နေတဲ့အကြောင်း ပြောချင်တဲ့ပုံရပါတယ်။

Instagram

ဘဲလေးအကကနေတဲ့အကြောင်းလေးနဲ့အတူ Go Min Si ထပ်ပြီးဝေမျှပေးလာတာက သူမရဲ့ စားသောက်မှုပုံစံလေးပဲဖြစ်ပါတယ်။ သူမစားတဲ့ထမင်းဘူးလေးထဲမှာ ကန်စွန်းဥ ၊ ငှက်ပျောသီး ၊ ကြက်ဥပြုတ် နဲ့ စတော်ဘယ်ရီပဲ ပါဝင်ပါတယ်။

Instagram

ပရိသတ်တွေကတော့ Go Min Si ရဲ့ ခန္ဓာကိုယ်ထိန်းသိမ်းတဲ့ အလေ့အကျင့်လေးကို ချီးကျူးနေပြီး သူမရဲ့ စားသောက်မှုပုံစံကိုလည်း အထင်ကြီးအံ့သြနေကြပါတယ်။

Google

Go Min Si က လက်ရှိမှာ ဒါရိုက်တာ Ryu Seung Wan ရဲ့ မှုခင်း ဇာတ်လမ်းအသစ်မှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။